Tuesday, March 11, 2014
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင်တွင် အခွန်ရှောင်၍ မြို့တွင်းတွင် လှည့်လည် ပြေးဆွဲနေသည့် လိုင်းကားစီးရေမှာ အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိကြောင်း ပြည်ခရိုင် မော်တော်ယာဉ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။
“လိုင်းဝင်မယ်ဆိုရင် ယာဉ်ပိုင်ရှင် နာမည် ပြောင်းတာက ငါးသိန်းဝန်းကျင်၊ လုပ်ငန်း လိုင်စင်အတွက်က တစ်နှစ်ကို သုံးသောင်းခွဲကနေ လေးသောင်းအထိ ပေးရတယ်။ ဒီကြားထဲမှာ ဌာနဆိုင်ရာ ဒေသဖွံ့ဖြိုးရေး အတွက် ကားလိုင်းတွေ လိုက်ပေးရတဲ့ ကဏ္ဍတွေလည်း ရှိတယ်။ အခွန်ရှောင်တဲ့သူ ကြတော့ ဘာကြေးမှ ပေးစရာ မလိုဘူး။ မိရင်တော့ ဒဏ်တပ်ခံရတယ်။ အခွန်ရှောင်တဲ့ ကားတွေအတွက် တိုင်းအဆင့်ကို တင်ပြထားတယ်။ သူတို့ ညွှန်ကြားချက်ရမှ ဆက်လုပ်ရမယ်” ဟု အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။
ကိုယ်ပိုင် သုံးဘီးဆိုင်ကယ်၊ လိုက်ထရပ်နှင့် ဒိုင်နာကားများနှင့် မြို့နယ်တွင်း ခရီးစဉ်များတွင် လုပ်ငန်းလိုင်စင် (အနီ) မရှိဘဲ လိုင်စင် အနက်များဖြင့် ပြေးဆွဲနေသဖြင့် တရားဝင် လိုင်းကားများ နစ်နာနေရကြောင်း လုပ်ငန်း လိုင်စင်ဖြင့် လိုင်းကား ပြေးဆွဲသူများထံမှ သိရသည်။ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင်တွင် အခွန်ရှောင်၍ မြို့တွင်းတွင် လှည့်လည် ပြေးဆွဲနေသည့် လိုင်းကားစီးရေမှာ အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိကြောင်း ပြည်ခရိုင် မော်တော်ယာဉ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။
“လိုင်းဝင်မယ်ဆိုရင် ယာဉ်ပိုင်ရှင် နာမည် ပြောင်းတာက ငါးသိန်းဝန်းကျင်၊ လုပ်ငန်း လိုင်စင်အတွက်က တစ်နှစ်ကို သုံးသောင်းခွဲကနေ လေးသောင်းအထိ ပေးရတယ်။ ဒီကြားထဲမှာ ဌာနဆိုင်ရာ ဒေသဖွံ့ဖြိုးရေး အတွက် ကားလိုင်းတွေ လိုက်ပေးရတဲ့ ကဏ္ဍတွေလည်း ရှိတယ်။ အခွန်ရှောင်တဲ့သူ ကြတော့ ဘာကြေးမှ ပေးစရာ မလိုဘူး။ မိရင်တော့ ဒဏ်တပ်ခံရတယ်။ အခွန်ရှောင်တဲ့ ကားတွေအတွက် တိုင်းအဆင့်ကို တင်ပြထားတယ်။ သူတို့ ညွှန်ကြားချက်ရမှ ဆက်လုပ်ရမယ်” ဟု အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။
ပြည်မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားမောင်းသူ တစ်ဦးကလည်း “ဈေးကြီး ပတ်လည်မှာ နံပါတ် အနက်တွေနဲ့ ဝင်လာပြီး ခရီးသည် ခေါ်တယ်။ အခွန်လည်း ရှောင်တယ်။ လူကြီးလမ်းကြောင်း အတွက်ဆိုလည်း သူတို့တွေက လိုက်စရာ မလိုဘူး။ Suprise Check ရှိလို့ မိရင်တော့ ဒဏ်ငွေ ခြောက်ထောင်လောက်ပဲ ဆောင်ရတာ။ ဒါကလည်း နေ့တိုင်းမှ မရှိဘဲ” ဟု ဆိုသည်။
ပြည်ခရိုင်တွင် အခွန် ဆောင်ထားသည့် လိုင်းကား ၁၇၃ စီး၊ အဝေးပြေးဝင်း အတွင်းတွင် ၁၀၆ စီး ရှိနေပြီး ကော်မတီ၏ စီမံခန့်ခွဲမှု့ အောက်ရှိ ယာဉ်လိုင်း တစ်ခုခုသို့ တရားဝင် ဝင်ရောက်ခြင်း မရှိဘဲ ယာဉ်ပြေးဆွဲခြင်း မပြုရဘဲ ကျူးလွန်ပါက ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြည်ခရိုင် အဆိုပါ ကော်မတီထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment