Thursday, March 06, 2014

တရားဥပဒေစိုးမိုးရေးတွင် အုပ်ချုပ်ရေးပိုင်းက တာဝန်ယူမူ တာဝန်ခံမူ ပိုလိုအပ်နေဟု သူရဦးရွှေမန်း ဆို

Thursday, March 06, 2014

တရားဥပဒေစိုးမိုးရေးအပိုင်းတွင် အုပ်ချုပ်ရေးပိုင်းက ပါဝင်ဆောင်ရွှက်မူများသည် ယခုထက်ပို၍ တာဝန်ယူမူ၊ တာဝန်ခံမူ ရှိရန် လိုအပ်နေကြောင်း သူရဦးရွှေမန်းကထောက်ပြသည်။

ထိုသို့တာဝန်ယူမှု တာဝန်ခံမှုရှိလာရန် အပြန်အလှန်ထိန်းကျောင်းရမည်ဆိုသည့်အပေါ်တွင် မူတည်လုပ်ဆောင်သွားရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ မတ်(၆)ရက် လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များနင့် တွေ့ဆုံချိန်တွင် ပြောသည်။
ဥပဒေပြုရေးမဏ္ဍိုင်တွင် အချို့သော လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားသကဲ့သို့ အုပ်ချုပ်ရေးပိုင်းမှ ဆောင်ရွှက်မူများသည် တာဝန်ယူမူ ၊ တာဝန်ခံမူ ကောင်းလာအောင် မည်ကဲ့သို့ လုပ်မည်နည်းဆိုရာတွင် အပြန်အလှန်ထိန်းကျောင်းရမည်ဆိုသည့်အပေါ်တွင် မူတည်လုပ်ဆောင်သွားမည် ဖြစ်ပြီး တာဝန်ကျေအောင် ဆောင်ရွှက်ရန် အုပ်ချုပ်ရေးအဆင့်ဆင့်အကြီးအကဲများ ရှိသည့်အတွက် ယင်းကဲ့သို့ သာ ဆောင်ရွှက်သင့်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောသည်။

လွှတ်တော်သက်တမ်း(၃)နစ်ကျော်ကာလအတွင်း ဥပဒေပေါင်း(၈၀)ကျော် ပြဌာန်းပြီးသော်လည်း အကောင်အထည်ဖော်ဆောင်မူအပိုင်းနင့် ပတ်သက်၍ ဒီမိုကရေစီ ဖြစ်ပေါ်ရေးတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးပြီး တရားဥပဒေစိုးမိုးရေးဆိုသည်မှာ ထုတ်ပြန်ထားသည့်ဥပဒေအဆင့်ဆင့်ကို တာဝန်ရှိသည့်သူများမှ ကြီးကြပ်ကွပ်ကဲမည် လိုက်နာသူက လိုက်နာရမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

Popular Myanmar News Journal

No comments: