Sunday , March 16 , 2014
ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ၌ နေထိုင်သော ရွာသူရွာသား များအား မတ် (၁၂) ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ ခြိမ်းခြောက်ရိက္ခာ တောင်းခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ မံကင်းရွာသားတွေ ဆန်နဲ့ ဆီတွေ ဒီရက်ပိုင်း လာဝယ်နေကြတယ်၊ ဆန်နဲ့ဆီမပေးရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် လာဝယ်နေကြရတာလို့ ပြောကြတာပဲ ” ဟု ဆင်ဘိုမြို့ခံ ဆန်၊ဆား လက်လီ လက္ကားရောင်းနေသော ဈေးသည်တစ်ဦးက ပြောသည်။
“ ပိုက်ဆံရှိတဲ့ လူကတော့ ၀ယ်ပေးနိုင်တာပေါ့၊ ကိုယ်စားဖို့တောင် အနိုင်နိုင် ရှားစားနေရတဲ့ မိသားစုတွေက ဘာနဲ့ သွားဝယ်ပေးရမလဲ ၊ ဆက်ကြေးပြီးပြန်တော့ ဆန်တွေ ဆားတွေ တောင်းပြန်ပြီလေ ” ဟု မံကင်းရွာသား တောင်သူတစ်ဦးက ဆိုသည်။ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ၌ နေထိုင်သော ရွာသူရွာသား များအား မတ် (၁၂) ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ ခြိမ်းခြောက်ရိက္ခာ တောင်းခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ မံကင်းရွာသားတွေ ဆန်နဲ့ ဆီတွေ ဒီရက်ပိုင်း လာဝယ်နေကြတယ်၊ ဆန်နဲ့ဆီမပေးရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် လာဝယ်နေကြရတာလို့ ပြောကြတာပဲ ” ဟု ဆင်ဘိုမြို့ခံ ဆန်၊ဆား လက်လီ လက္ကားရောင်းနေသော ဈေးသည်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆင်ဘိုမြို့ခံ ဌာနဆိုင်ရာတစ်ဦးက “ ဒီမြို့နယ်ထဲမှာ မံကင်းတစ်ရွာထဲကို KIA က ကွက်ပြီး ဆန်နဲ့ဆား တောင်းတာမဟုတ်ဘူး ၊ ရွာတွေအကုန်တောင်းတာ၊ ဒီမြို့ပေါ်က အချို့ ပိုက်ဆံချမ်း သာတဲ့အိမ်တွေ အတောင်းခံရတာပဲ၊ ကြောက်လို့ ဘယ်မှမပြောရဲပဲ ငြိမ်နေကြတာ ” ဟု ပြောကြားသွားသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် မံကင်းရွာ အုပ်ချုပ်ရေးမှူးအိမ်သို့ အရပ်ဝတ်ဝတ်ထားသော KIA တပ်ဖွဲ့ဝင် နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မတ်လ ၁၅ ရက်နေ့အပြီး တစ်အိမ်ထောင်လျှင် ဆန် ၁ တင်းနှင့် ဆား ၁ ပိဿာ ပေးရန်နှင့် ပေးဆောင်ခြင်းမရှိပါက တစ်ရွာလုံး မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ခြင်းကြောင့် ရွာသူ ရွာသားများလည်း ကြောက်ရွံ့၍ ဆန်နှင့် ဆားများအား မရှိရှိတာ ရောင်းချပြီး ၀ယ်ယူနေရကြောင်း သိရသည်။
credit to : ဂျာမိုင်

No comments:
Post a Comment