Friday, April 25, 2014

လေယာဉ်ပျံပေးဆွဲသူလို့ ဆိုသူကို ဖမ်းဆီး

Friday, April 25, 2014
လေယာဉ် အပိုင်စီးသူ တဦးလို့ ဆိုသူကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ပျံသန်းမောင်းနှင်လာတဲ့ လေယာဉ် တစီးပေါ် မှာ လေယာဉ် ပျံပေးဆွဲတဲ့ ပုံစံ ခြိမ်းခြောက်မှု လုပ်ခဲ့သူ ခရီးသည် တဦးကို ဘာလီလေဆိပ်မှာ ဖမ်းဆီး လိုက်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

လေယာဉ်အမှုထမ်းတွေက အဆိုပါ လေယာဉ်ပျံပေး ဆွဲတဲ့အပြုအမှု လုပ်ဆောင်သူ ခရီးသည်ကို လက်ထိပ်ခတ်နိုင်ခဲ့ တာဖြစ်တယ်လို့ A Virgin Australia က တာဝန်ရှိသူတဦးကပြောတာကို ဘီဘီစီ ကြားဖြတ်သတင်းတခုက ဆိုပါတယ်။

ဘီဘီစီသတင်းအဆိုအရ ကနဦးရတဲ့သတင်းတွေမှာ ဘိုရင်း ၇၃၇ လေယာဉ်ဟာ ပျံပေးပွဲခံရပြီး ဘာလီ
လေယာဉ် ကွင်းကို ဆင်းသက်ချိန်မှာ အင်ဒိုနီးရှားတပ်ဖွဲ့တွေက လေယာဉ်ပေါ် တက်ရောက်နေရာ ယူခဲ့ တယ်လို့ ဆိုပါတယ်။

Virgin လေကြောင်းလိုင်းက ပြောတာမှာတော့ သြစတြေးလျနိုင်ငံ Brisbane က ထွက်ခွာလာ တဲ့
လေယာဉ်ပေါ်မှာ မတော်တဆဖြစ်မှုတခုအဖြစ် နားလည်မှု လွဲမှားခဲ့တာဖြစ်ပြီး အရက်အလွန်အကျွံ မူးနေသူ ခရီးသည်ကို ထိမ်းသိမ်းခဲ့ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားက ဘီဘီစီသတင်းထောက်ရဲ့ အဆိုအရ လေယာဉ်ပျံပေးဆွဲခံရတယ်ဆိုတဲ့ ကြောက်ရွံ့ မှုတွေ
ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်မှူးကလည်း လေကြောင်းတာဝန်ရှိသူတွေကို အရေးပေါ် အချက်ပေးခဲ့တယ်လို့ ဆို ထားပါတယ်။

The Irrawaddy

No comments: