Friday, April 04, 2014

"လှည်းတန်း ခုံးကျော်တံတား ကွန်ကရစ်ဘောင်များ ပဲ့ကျမှုကြောင့် အရေးပေါ် ပိတ်ဆို့ထား ဆိုသည့် အွန်လိုင်း သတင်းမှားကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့"

Friday, April 04, 2014
လှည်းတန်းခုံးကျော် တံတား ကွန်ကရစ် ဘောင်များ ပဲ့ကျမှုကြောင့် အရေးပေါ် လမ်းပိတ် ဆို့ထားကြောင်း ဓာတ်ပုံနှင့် တကွ သတင်းတစ်ခု အွန်လိုင်း လူမှုကွန်ရက် တွင် ပျံ့နှံ့ခဲ့၍ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြသည်။

အဆိုပါ သတင်းတွင် ဓာတ်ပုံနှင့် တကွ ”မကြာသေးခင်က တည်ဆောက် ပြီးစီးခဲ့သည့် လှည်းတန်း ခုံးကျော် တံ တားအပေါ်ဘောင် အောက်ခြေမှ ကွန် ကရစ်များ ပဲ့ကြွေကျ ခဲ့ပြီး အက်ကွဲကြောင်း များ ဖြစ်ပေါ်လာသည့် အတွက် တံတား ဖြတ်သန်း သွားလာခွင့်ကို ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်မှ စတင်ကာ အရေးပေါ် ပိတ်ပစ် ခဲ့ရသည်” ဟု ဖော်ပြ ထားရာ ရန်ကုန်မြို့ ပေါ်တွင် ဆောက်လုပ်ထားသော ခုံးကျော် တံတားလေးစင်း အပေါ် အွန်လိုင်း အသုံး ပြုသူတို့က ဝေဖန်ပြစ်တင် မှုများရှိခဲ့သည်။
အဆိုပါ သတင်းဓာတ်ပုံမှာ ယခင် နှစ်က တံတား စဖွင့်မည့်နေ့တွင် ခုံးကျော် တံတားအား စတင် အသုံးပြုနိုင်မည် ဖြစ် ကြောင်း ကြိုတင် အသိပေး အကြောင်းကြား အပ်ပါသည် ဆိုသည့် အသိပေး စာကပ် ထားသည်ကို ရိုက်ကူးထားသည့် ဓါတ်ပုံ အား အထူးပြုလုပ် ချက်ဖြင့် ပြင်ဆင် ထား ခြင်းဖြစ်သည်။

ထိုသို့ သတင်းမှားနှင့် စာသားပြင် ဆင်ထားသည့် ဓာတ်ပုံကို ဧပြီလ ၁ ရက် နေ့ April Fool နေ့ဖြစ်သဖြင့် နောက် ပြောင် လို၍ ဖြန့် ခဲ့ခြင်း ဖြစ်နိုင် သည်ဟု တချို့က သုံးသပ်သည်။

လှည်းတန်း ခုံးတံတား အနီးတွင် နေထိုင်သူ တစ်ဦးကမူ ”ကျွန်တော့်ကို April Fool လာလုပ်နေတာလား။ ကျွန်တော်က ဒီနားမှာ ပဲနေတာ။ တစ်ခုခုဆို ကြားမှာပါ။ ဘာမှဖြစ်သံမကြားပါဘူး”ဟုဆိုပြီး ကား များသွား လာမှု မပျက်ကြောင်း ပြောသည်။

ထို့အပြင်ယင်းနေ့မှာ ပင်ဆရာတော် ဦးဝီရသူ လူထွက်၍ နိုင်ငံရေး ဇောက်ချ လုပ်မည် ဆိုသည့် သတင်း၊ စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံ အား ဗီဇာကင်း လွတ်ခွင့်ပေး လိုက်ပြီ ဆိုသည့်မဟုတ်မမှန် သတင်း များလည်း အွန်လိုင်း တွင် ပျံ့နှံ့ခဲ့သည်။

ဧပြီလ ၁ ရက်နေ့ ရောက်တိုင်း April Fool ပြုလုပ်ခြင်းသည်အနောက် နိုင်ငံ များမှ ကူးစက်လာသည့် ယဉ်ကျေးမှု တစ်ခုဖြစ်ပြီး မဟုတ် မမှန်သည့် ဖြစ် ရပ် များကို အမှန် တကယ် ယုံမှတ်သွားစေရန် ဖုန်းဖြင့် တစ်ဆင့်ဖြစ်စေ ၊အွန်လိုင်းမှ တစ်ဆင့် ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ပြော ဆိုနောက် ပြောင်လေ့ရှိကြသည်။

Popular Myanmar News Journal

No comments: