Wednesday, April 23, 2014

ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်းခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု

Wednesday, April 23, 2014
ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက်သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။

၎င်းသည် ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ တက်ရောက် ဂါရ၀ပြုရခြင်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် သန်း ၆၀
သော ပြည်သူလူထုအား ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အနေဖြင့် ပြု
လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

"ကျွန်တော်တို့ရဲ့ဖခင်ကြီးဦးဝင်တင်ဟာလည်း ထောင်အကျီင်္နဲ့ပဲသေ
ဆုံးခဲ့တယ်။ သူ့ရဲစိတ်ဓာတ်ကိုလည်းလေးစားတယ်။ ဒါ့ကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို တက်ရောက်ဂါရ၀ပြုတာပါ " ဟု ဦးထွန်းလွင်က ဆိုသည်။

၎င်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေုး စသည့်အကြောင်းအရာများဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီး အရေးပေါ်စီမံချက်ဥပဒေ ၅ည ဖြင့် ထောင်သုံးခါကျဘူးသည်ဟု ဆိုသည်။

Popular Myanmar News Journal

No comments: