Sunday, April 06, 2014
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တရုတ်ကင်းလှည့်သင်္ဘောတစီးက ဖမ်းယူရရှိတဲ့ အချက်ပြအသံ ဟာ ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ရဲ့ မှတ်တမ်းသေတ္တာနက်က လာတာ ဖြစ်နိုင်တယ်လို့ ဗြိတိန် အဏ္ဏ၀ါသိပံ္ပ ပညာရှင် ဒေါက်တာ ဆိုင်မွန် ဘောက်စ်ဆောက ဧပြီ ၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
အချက်ပြသံ ထွက်ပေါ်နေတဲ့ နေရာနဲ့ အချက်ပြသံရဲ့ ကြိမ်နှုန်းကလည်း တူနေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ တခြားသင်္ဘောတွေ အများကြီးကလည်း ရှာဖွေနေပြီး ပိုကောင်းတဲ့ သတင်းအတည်ပြုချက်ရှိသင့်တာမို့ သတိထားပြီး အကောင်းမြင်စိတ် ထားရှိတယ်လို့ သူက ဆိုပါတယ်။
တရုတ်သတင်းဌာန ရှင်းဟွာကတော့ တရုတ်သင်္ဘော အမှတ်တစ် ဟိုင်ကျန်းရဲ့ သေတ္တာနက် ထောက်လှမ်းရေးပစ္စည်းက အချက်ပြမှုကို ဖမ်းယူရရှိခဲ့ပြီး ပျံသန်းမှု မှတ်တမ်းတွေက ထုတ်လွှင့်တဲ့ အချက်ပြမှုနဲ့ အတူတူ ဖြစ်နေတယ်လို့ ဆိုပါတယ်။အချက်ပြသံ ထွက်ပေါ်နေတဲ့ နေရာနဲ့ အချက်ပြသံရဲ့ ကြိမ်နှုန်းကလည်း တူနေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ တခြားသင်္ဘောတွေ အများကြီးကလည်း ရှာဖွေနေပြီး ပိုကောင်းတဲ့ သတင်းအတည်ပြုချက်ရှိသင့်တာမို့ သတိထားပြီး အကောင်းမြင်စိတ် ထားရှိတယ်လို့ သူက ဆိုပါတယ်။
သြစတြေးလျ ၀န်ကြီးချုပ် တိုနီအက်ဘော့ကတော့ ရှာဖွေသူတွေဟာ မျှော်လင့်ချက်တွေ ပြည့်ဝနေပေမယ့် သေချာပြီဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူးလို့ ဧပြီ ၆ ရက်နေ့က ပြောပါတယ်။
မိုက်ခရိုချစ်ပ် ပညာရှင် အယောက်၂၀ နဲ့ နိုင်ငံတကာ ကုမ္ပဏီကြီး ၂ ခုက အကြီးတန်းအရာရှိတွေ အနုပညာရှင်တွေ အပါအ၀င် စုစုပေါင်း လူ ၂၃၉ ယောက် လိုက်ပါလာတဲ့ မလေးရှားလေယာဉ် ပျောက်ဆုံးနေတာ ရက်သတ္တပတ် ၄ ပတ်ထဲကို ရောက်နေပါပြီ။
နိုင်ငံပေါင်း ၂၆ နို်င်ငံက လေယာဉ်နဲ့ သင်္ဘော ဒါဇင်ပေါင်းများစွာက ပျောက်ဆုံးလေယာဉ်ရဲ့ မှတ်တမ်းသေတာနက်ကို ဘတ်ထရီမကုန်မီမှာ ရရှိရေး အသည်းအသန် ရှာဖွေနေကြတာပါ။ လေယာဉ်ပျောက်ဆုံးမှုရဲ့ အကြောင်းရင်းကိုတော့ စက်ပိုင်းချို့ယွင်းမှုလို့ အာဏာပိုင်တွေက မထုတ်ပြန်ခဲ့ပါဘူး ဒါပေမယ့် သက်သေတွေအရ လေယာဉ်ဆက်သွယ်မှု ပျောက်ဆုံးခဲ့တာ ကိုတော့ မူရင်းခရီးလမ်းကြောင်းကနေ တမင်သက်သက် လမ်းကြောင်းပြောင်းခဲ့တာလို့ ဆိုပါတယ်။
DVB

No comments:
Post a Comment