Wednesday, April 02, 2014
ဆန္ဒထုတ်ဖော်မှုအများစုတွင် ပါဝင်လှုပ်ရှားသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို အနောက်ပိုင်း ခရိုင်တရားရုံးက ဧပြီ ၁ ရက်တွင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်သည်ဟု ဦးဝင်းချို၏ဇနီး ဒေါ်အေးအေးသန်းက မဇ္ဈိမကို ပြောသည်။
“သုံးလလို့ပြောတယ်။ ဒဏ်ငွေဖြစ်မယ်လို့ ထင်ထားတာ မဟုတ်ဘဲ ထောင်ဒဏ်ချလိုက်တာ။ ဒီနေ့ ၁၂နာရီ က အမိန့်ချလိုက်တာ”ဟု ပြောသည်။
လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးဝင်းချိုနှင့် မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေ မျိုးဇင်တို့သည် ဇန်န၀ါရီလ ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ရာမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်မှုအများစုတွင် ပါဝင်လှုပ်ရှားသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို အနောက်ပိုင်း ခရိုင်တရားရုံးက ဧပြီ ၁ ရက်တွင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်သည်ဟု ဦးဝင်းချို၏ဇနီး ဒေါ်အေးအေးသန်းက မဇ္ဈိမကို ပြောသည်။
“သုံးလလို့ပြောတယ်။ ဒဏ်ငွေဖြစ်မယ်လို့ ထင်ထားတာ မဟုတ်ဘဲ ထောင်ဒဏ်ချလိုက်တာ။ ဒီနေ့ ၁၂နာရီ က အမိန့်ချလိုက်တာ”ဟု ပြောသည်။
“ရုံးချိန်လေးကြိမ်မြောက်တွင် တရားရုံးက အမိန့်ချမှတ်လိုက်တာ”ဟု ဒေါ်အေးအေးသန်းက ပြောသည်။
Mizzima
No comments:
Post a Comment