Sunday, May 11, 2014

ရုရှားသမ္မတ ရေခဲဟော်ကီကစားပွဲ ပါဝင်ကစား၊ ယူကရိန်းအရှေ့ဘက်က အကြမ်းဖက်မှုကြောင့် သေဆုံးသူတွေအတွက် ငြိမ်သက်ဆုတောင်း

Sunday, May 11, 2014
ရုရှား သမ္မတ ဗလာဒီမာပူတင်က မေလ ၁၀ ရက်နေ့က ကျင်းပတဲ့ ဆိုချီမြို့က ရေခဲဟော်ကီ ကစားပွဲကို ပါဝင်ကစားနေတာပါ ပွဲမစခင်ကတော့ ယူကရိန်းအရှေ့ဘက်က မာရိအူပယ်မြို့တွင်း အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ငြိမ်သက် ဆုတောင်းမှုမှာ ပါဝင်ခဲ့တယ်လို့ ရုရှားသတင်းဌာန အစ်တာ တက်စ်က ဆိုပါတယ်။

Ukraineနိုက်ဟော်ကီ အသင်း ကစားသမားတွေထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် ရှိုင်ဂူ၊ အားကစားသမား ပညာရှင်ဟောင်းတွေလဲ ပါတယ်လို့ ဆိုပါတယ်။ နိုက်ဟော်ကီအသင်းကို ၂၀၁၁ မှာ သမ္မတပူတင်က ဖွဲ့စည်းခဲ့ပြီး အသက် ၄၀ ကျော် အားကစားသမားတွေ ဆက်ပြိုင်ပွဲဝင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကစားပွဲအပြီးမှာတော့ ပူတင်က ကျနော်တို့မှာ အနိုင်အရှုံး မရှိဘူး ရင်းရင်းနှီးနှီးကစားပွဲလေးပါ အားလုံးပျော်ရတဲ့ပွဲပေါ့လို့ သတင်းထောက်တွေကို ပြောပါတယ်။ အားကစားရုံထဲမှာတော့ ရုရှားအလံနဲ့ ယူကရိန်းအလံကို ယှဉ်တွဲ လွှင့်ထူထားပါတယ်။

ယူကရိန်းအရှေ့ဘက် ဆိပ်ကမ်းမြို့ မာရိအူပယ်မှာတော့ ယူကရိန်းတပ်တွေနဲ့ ရုရှားလိုလားသူ ပြည်သူ့စစ်တွေကြား ရဲစခန်းတခုထဲမှာ အကြမ်းဖက်မှု ဖြစ်ခဲ့လို့ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရပါတယ်။ သေဆုံးသူ ၇ ယောက်ကနေ အယောက် ၂၀ ကျော်ကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

DVB

No comments: