Monday, May 26, 2014
အခုအချိန်မှာ ဒေါ်စုကြည်ဦးစီးတဲ့ NLD ပါတီ ဟာ ပုဒ်မ (၄၃၆)ကိုပြင်ဆင်ဖို့ အသည်းအသန်ကြိုးပမ်း နေပြီး ဟောပြောပွဲတွေကိုလည်း ဆက်တိုက်လုပ် လာတာ တွေ့ရပါတယ်။ ဟောပြောပွဲတွေမှာ ဒေါ်စုကြည်က ပြောကြားရာမှာ " တပ်မတော်က ပြည်သူကို မယုံတဲ့အကြောင်းနဲ့၊ ပြည်သူကလည်း တပ်မတော်ကို မယုံတဲ့ အကြောင်း "တွေပြောပြီး တပ်မတော်နဲ့ပြည်သူကို ထိပ်တိုက်တွေ့ပေးနေတဲ့လမ်းကြောင်းကို သုံးနေပါတယ်။
ဒါဟာ မကောင်းတဲ့အချက်ဖြစ်ပြီး မင်းကိုနိုင်ကလည်းလူထုကို လမ်းပေါ်ထွက်အောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်း တွေပြောသွားတာရှိပါ တယ်။ ဒါဟာလည်း နိုင်ငံကို ဒီမိုကရေစီပျက်သုန်းအောင် ဖန်တီးလိုက်တဲ့ သဘော ဖြစ်နေပါတယ်။ သူတို့အာဏာရရှိရေးအတွက် ပြည်သူတွေကို ချနင်းလိုက်တာပဲဖြစ်ပါတယ်။ ဒေါ်စုကြည်နဲ့ NLD အဖွဲ့က ပြင်ချင်နေတဲ့ ပုဒ်မ ၄၃၆ ဟာ ပြည်သူတွေရဲ့ ဆန္ဒမဟုတ်ပါဘူး။ ဒါတွေဟာ ဒေါ်စုကြည်နဲ့ NLD အဖွဲ့ရဲ့ သူတို့အာဏာရရှိဖို့အတွက် ဆန္ဒတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံကို မငြိမ်းချမ်း အောင်၊ ဒီမိုကရေစီပျက်စီးအောင် လုပ်မယ့်သူဟာ ပြည်သူတွေ မဟုတ်ပါဘူး၊ ဒေါ်စုကြည်နဲ့ NLD အဖွဲ့သာ ဖြစ်ပါလိမ့်မယ်။ ဒေါ်စုကြည်ဟာ ဒီလိုသာလျှောက်လုပ်နေမယ် ဆိုရင် တိုင်းပြည်ပျက်ဖို့က နီးလာပါပြီ။ ပြည်သူတွေထဲ မှာ ဒေါ်စုကြည် ကို ထောက်ခံမှုတွေ တဖြည်းဖြည်းချင်း ကျဆင်းလာပါတယ်။
အရင်က ဒေါ်စုကြည်ကို ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုပြီးသိကြပြီး များသောအားဖြင့် အဖေ့မျက်နှာဖြင့် ချစ်ခင်ထောက် ခံကြတာဖြစ်ပါတယ်။ အဲဒီအချိန်က ဒေါ်စုကြည်ဟာ ပြည်သူနဲ့ထိတွေ့မှု နည်းပြီး နေအိမ်အကျဉ်းချုပ်ကျခံနေရတာများတော့ သူပြောတဲ့စကားတွေ၊ သူ့ခံယူချက် တွေကို ပြည်သူတွေသိခွင့်မရတဲ့အတွက် ဗိုလ်ချုပ်မျ က်နြှာ ဖင့် သာ ပြည်သူတွေက ထောက်ခံနေကြ တာပါ။
၂၀၁၀ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်တော့လည်း ဗိုလ်ချုပ်ဓာတ်ပုံ ကိုဗန်းပြပြီး မဲဆွယ်ခဲ့ပါတယ်။ နောက် ဖြည်းဖြည်းဟောပြော ပွဲတွေ များလာတော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်တွေကို ပြည်သူတွေက တဖြည်းဖြည်းသိလာပြီး နိုင်ငံကို တကယ်ခေါင်းဆောင်နိုင် မယ့် ခေါင်းဆောင်ကောင်းမဟုတ်နိုင်ဘူးဆိုတာ ပြည်သူတွေက တဖြည်းဖြည်းသိလာပါတယ်။
ဒါ့ကြောင့် ဒေါ်စုဟောပြောပွဲတွေမှာ တက်ရောက်နားထောင် တဲ့ပြည်သူတွေဟာ NLD ပါတီဝင်တွေပဲ ဖြစ်ကြပြီး ဘယ်မြို့ မှာပဲဟောပြောပွဲ လုပ်လုပ် နီးစပ်ရာမြို့တွေက NLD ပါတီဝင်တွေကို ကားတွေနဲ့စုခေါ်ပြီး လူများအောင် လူထုအားပြတဲ့သဘောပါပဲ။ နောက်ဆုံး မန္တလေးအောင်ပင်လယ် ဟောပြောပွဲမှာ ကလေး တွေတောင် စုခေါ် ပြီး တက်ခိုင်းတာတွေ တွေ့ရပါတယ်။ ဒါတွေဟာ ဒေါ်စုကြည်ရဲ့ ယုတ်လျော့လာတဲ့ ပြယုတ်တွေပါပဲ။ နိုင်ငံခြားသတင်းဌာနမီဒီယာတွေက ဒီလိုလူများများနဲ့စကားပြောနေတဲ့ဒေါ်စုကို မြန်မာ လူထုတစ်ရပ်လုံးက ထောက်ခံနေသလိုလိုနဲ့ ဖော်ပြနေကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာက ကိုယ့်စားဝတ်နေရေးအတွက် ရုန်းကန်နေကြရလို့ ဒီလိုဟောပြောပွဲတွေကို တက်ရောက်နားထောင်နေကြတဲ့ သူက မရှိသလောက်ပါ။
ကျွန်တော်တို့နိုင်ငံမှာတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးလူငယ်တွေကို နေ့စားစရိတ်ပေးပြီး NLD အောက်ခြေပါတီဝင်တွေက စည်းရုံးပြီး ဟောပြောပွဲတွေကို တက်ခိုင်းနေတာပါ။
ဒါတွေဟာ ပြည်သူတွေကို အသုံးချပြီး သူတို့အာဏာရရှိရေးအတွက် လုပ်ဆောင်နေတာပါ။ ဒါ့ကြောင့် ဒေါ်စုက ပြည်သူကို အားကိုးပါတယ် သူ့မှာ အားကိုးစရာပြည်သူပဲရှိပါတယ်ဆိုပြီး လျှောက်ပြောနေတာပါ။ ပြည်သူကို တကယ် ချစ်တယ်ဆိုရင် ပြည်သူရဲ့အကျိုးကိုကြည့်သင့်ပါတယ်။ အရင်တုန်းကတော့ ပြည်ပကိုအားကိုးပြီးနိုင်ငံတကာ ပတ်ပြီး ဆုတွေယူ၊ နိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့အကြောင်း တသွင်သွင်ပြောပြီး ပြည်သူတွေကို ဆင်းရဲတွင်း နက်နေအောင် ဖန်တီးလုပ်ဆောင်နေတဲ့သူက အခု သူအာဏာရဖို့အတွက် ပုဒ်မ(၄၃၆)ကို ပြင်ဖို့ကြတော့ ပြည်သူကို အားကိုးပါတယ်ဆိုတာကိုတော့ ယုံဖို့ခက်ပါတယ်။
အခုလည်း သူအာဏာအဖို့အတွက် "ဘယ်သူသေသေ ငတေမာရင်ပြီးရော"ဆိုသလို တပ်မတော်နဲ့ ပြည်သူကိုရန်တိုက်ပေးပြီး သူအာဏာရဖို့ကြိုးစားရင် ဒေါ်စုကြည်ဟာ ယုတ်ညံ့တဲ့နိုင်ငံရေးသမား တစ်ယောက် ပဲဖြစ်သွားပါလိမ့်မယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိထားတဲ့ ဒေါ်စုအနေဖြင့် မိမိနိုင်ငံတပ်မတော်နဲ့ မိမိပြည်သူ များကို ရန်တိုက်ပေးခြင်းဖြင့် မည်သည့်နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်မှာလဲ။ ဖွဲ့စည်းပုံအရ ၂၀၁၅ မှာ မိမိအာဏာရရှိရေးအတွက် မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်အပေါ် ပြည်သူများကို ထိုးကျွေးတာဟာ နိုင်ငံကို မငြိမ်းချမ်းအောင်လုပ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ကဗျည်းတွင်သွားမည်သာဖြစ်ပါကြောင်း။
ဇာနည်အောင်
credit to : https://www.facebook.com/pages/Online-Update-News/417993751653144
No comments:
Post a Comment