Thursday, May 15, 2014

ငြိမ်းချမ်းရေးဟူသည် လက်တစ်ကမ်းမှာ

15.5.2014
ကျွန်ုပ်တို့၏ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၆၆ နှစ်ကျော်ခဲ့ပါပြီ။ လွတ်လပ်ရေးရပြီးကာလ ၁၉၄၈-၄၉ ခုနှစ်များက ပြည်တွင်း စစ်ကြောင့် ပြည်သူတို့၏ အသက်၊ သွေး၊ ချွေးများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။ ထို့ပြင် စိုက်ပျိုးနိုင်သော လယ်မြေ ၃၅ ရာခိုင်နှုန်း ပလပ်ခဲ့ ရခြင်း၊ လူဦးရေ သုံးသန်းအိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ ပြည်သူ ၂၂ဝဝဝ သေကျေပျက်စီးရခြင်း၊ အစိုးရ၏စစ်ဘက်၊ နယ်ဘက်အမှုထမ်း၊ အရာထမ်းပေါင်း ၅၇ဝဝ သေ ဆုံးရ ခြင်းနှင့်အစိုးရပစ္စည်းဒေါ်လာငါး သန်းနှင့်ပြည်သူ များ ၏ငွေကြေး ဒေါ်လာ ၉၅ သန်းဆုံးရှုံးခဲ့ရခြင်းတို့ကို နိုင်ငံခြားပညာရှင်တစ်ဦးက တွက်ချက်ပြခဲ့ပါသည်။
၁၉၅၅-၅၆ ခုနှစ်တွင် တောတွင်းရောက် မြန်မာပြည် ကွန်မြူနစ်ပါတီဝင်တို့ကို အမျိုးသားငြိမ်းချမ်းရေး ညီညွတ် ရေးလမ်းစဉ်ဖြင့် ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။ ဖ.ဆ. ပ.လ အာဏာပိုင်အချို့က ပျူစောထီးတပ်ဖွဲ့ကိုဖွဲ့ကာ အပြုတ် တိုက်ရေးလမ်းစဉ်ဖြင့် ဆန့်ကျင်ခဲ့သည့်အပြင် ငြိမ်းချမ်း ရေးဆန္ဒပြသူတို့ကို ပစ်ခတ်နှိမ်နင်းခဲ့ကြသည်။
ထိုကဲ့သို့ဖြစ်ခဲ့ရခြင်း၏ အခြေခံမှာ-
(၁) ကျဉ်းမြောင်းသော အမျိုး သားရေးဝါဒ
(၂) ဂိုဏ်းဂဏဝါဒ
(၃) အချောင်သမားဝါဒ
(၄) ဗျူရိုကရက်ဝါဒ
(၅) ပုဂ္ဂိုလ်ရေးဆည်းကပ်မှုဝါဒ
(၆) အုပ်စုဖွဲ့ဗိုလ်ကျသောဝါဒ
(၇) လူစွမ်းကောင်းဝါဒတို့၏ စိုးမိုးခြယ်လှယ်မှုများ ကြောင့် တိုင်းပြည်မှာမဖြစ်သင့်ဘဲ ဖြစ်ခဲ့ရမှုများစွာ ကြုံတွေ့ ပြီး နိုင်ငံတကာအလယ်မှာ အောက်တန်းနောက်တန်းကျ နေရခြင်းဖြစ်ကြောင်း နမူနာယူသင့်ပါသည်။
ယနေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ်၏ 'ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ကြီးဆီသို့' ဦးတည်နေသောခြေလှမ်းများကို လှမ်းရာ၌ အထက်ပါဝါဒဆိုးများကို မပယ်သတ်နိုင်ပါက အားလုံးက လိုချင်နေသော၊ တစ်နိုင်ငံလုံးလိုအပ်နေသော ဦးတည်ချက် ပျောက် သွားနိုင်ပါသည်။
'ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ သို့' ဦးတည်လျှောက် လှမ်းကြရာတွင် အဓိကအရေးကြီး ဆုံးမှာ ပြည်တွင်းငြိမ်းချမ်းရေး ရှိရမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးက သိရှိနားလည်ထားကြပြီးဖြစ်သည်။ ထို့ ကြောင့်လည်း ငြိမ်းချမ်းရေးအစစ်အမှန်ကို လိုလားသူ တိုင်း မိမိတို့သက်ဆိုင်ရာထောင့်စုံ၊ ဘက်စုံမှ ဝိုင်းဝန်း ကြိုးပမ်းအား ထုတ်နေကြသည်ကို မြင်တွေ့နေရသည်မှာ အားရစရာပင်ဖြစ်ပါသည်။
ဆိုရှယ်လစ်ပါတီခေတ်ကလည်း တောခိုအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြသည်။ ဆိုရှယ်လစ်အစိုးရက သူတို့၏ စိတ်ရှည်မှု၊ သဘောထားကြီးမှုတို့ကို အလွန်အမင်းပြလို သောကြောင့် အကြိမ်ပေါင်းများစွာတွေ့ ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြဖူးသည်။ သို့သော် အောင်မြင်မှုနှင့် မနီးစပ်ခဲ့ပါ။ မည်သည့်အကြောင်းများ ကြောင့် အဆင်မပြေဖြစ်ခဲ့ကြရသည်ကို ဆင်ခြင်ကြည့် သောအခါ အထက်တွင်ဖော်ပြခဲ့သော ဝါဒဆိုးများကို မဖျောက်ဖျက်နိုင်ကြသေးသောကြောင့် ဖြစ်မည်ဟု ထင်မြင်ယူဆမိပါသည်။
စစ်အစိုးရက တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေ သော ကာလများ တွင်လည်း လက်နက်ကိုင်အဖွဲ့ပေါင်း များစွာနှင့်စစ်အစိုးရကြားမှ ငြိမ်းချမ်းရေးခေါင်းစဉ်တပ် ဆွေးနွေးမှုများ၊ တိုင်ပင်မှုများ စဉ်ဆက်မပြတ်လုပ်ကိုင် ခဲ့ကြသည်။ အောင်မြင်သည်များရှိခဲ့သလို မအောင်မြင် သည်များလည်းရှိခဲ့ကြတယ်။ အချို့အောင်မြင်ပြီးမှ ပြန် လည်ပျက်စီးသွားသောကိစ္စများလည်း တွေ့ဖူးကြုံဖူးခဲ့ကြ ရသည်။
မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်ရသနည်း။ အဖွဲ့ နှစ်ဖက်ဖြစ်နေသည့်အတွက် မတူညီမှုများကို ညှိနှိုင်း၍ မညီမျှကြရာမှ ငြိမ်းချမ်းရေးနှင့်ဝေးနေခဲ့ရသည်။
တစ်ဖက်အဖွဲ့အစည်းများကလည်း မိမိတို့လူမျိုး၊ ဒေသစသည့် အမြင်ကျဉ်းမြောင်းသောအယူဝါဒ(အဝိဇ္ဇာ) တို့ကို သင့်တင့်လျောက် ပတ်သော နှလုံးသွင်းမှုဖြင့် ချင့် ချိန်ပြီး စွန့်လွှတ်သင့်ပါက စွန့်လွှတ်ရန် ဝန်မလေးခြင်း၊ အလိုဆန္ဒ(လောဘ)ကို ထိန်းချုပ်နိုင်ပြီး (ငါတို့လုပ်တာ မမှန်သေးပါလား)ဟု ထိန်းချုပ်ဆင်ခြင်နိုင်မှုရှိရန် လိုအပ် ခြင်း၊ မိမိစိတ်ကို အုပ်စိုးထားသည့်(အဝိဇ္ဇာ)ကို အဝိဇ္ဇာ မှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တစ်ဖက်အဖွဲ့အစည်း (မိမိနှင့်ညှိနှိုင်းမည့်အဖွဲ့အစည်း)၏ အလျှော့ပေး အလို လိုက်လာသော သဘောဆန္ဒကို လေးစားလိုက်နာပြီး မလျော့မတင်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းစသည်ဖြင့် နှစ်ဖက်စလုံးညှိနှိုင်းဆုံးဖြတ်မှသာလျှင် ငြိမ်းချမ်းရေး ဆိုသောပန်းတိုင်သို့ ရောက်ကြမည်သာဖြစ်သည်။
ဒိဋ္ဌိမှာအမြင်၊ သီလဟူသည်မှာ အကျင့်၊ သာမညက တူညီမှုဟူ၍ဖြစ်သည်။ ဒိဋ္ဌိသီလ သာမည ဟူသည်မှာ အမြင်အကျင့်တူညီမှုကို ဆိုလိုသည်။ အမြင်အကျင့် တူညီပါမှ တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှုရနိုင်ပြီး လိုချင်သောပန်းတိုင်ဆီသို့ လက်တွဲ ကာ ဦးတည်လျှောက်လှမ်းနိုင်ပါမည်။
ငြိမ်းချမ်းလိုသောအဖွဲ့အစည်း၊ နိုင်ငံ၊လူမျိုးစုတို့သည် ဒိဋ္ဌဖြင့် တပ်မက်မှုကိုမြင်အောင်ကြည့်ရမည်။ အမှန်ကို မြင်တတ်ရမည်။ အထက်တွင် ရေးသားတင်ပြထား ခဲ့သော လောဘများကို အမြန်ဆုံးပြုပြင်ရမည်။ ထို့အပြင် သီလဖြင့် တပ်မက်မှုကို ပါးသည်ထက်ပါးအောင် ကျင့်ရ မည်။ တပ်မက်မှုဆိုသည်မှာ တဏှာပင်ဖြစ်သည်။ တစ်နည်းအားဖြင့် လောဘဖြစ်၏။ သစ္စာနှင့်ကြည့်မည် ဆိုလျှင် သမုဒယသစ္စာဖြစ်သည်။သူ့စိတ်ကူး၊ သူ့အယူအဆ မှန်ကန်
သည်ဟု ထင်နေ တတ်သည်။ တလွဲဆံပင်ကောင်းနေမှု(အဓမ္မ)ကို အဓမ္မ အမြင် မမြင်ရလေအောင် ပိတ်ဖုံးကာဆီးပေးထားတတ် သည်။ ကောင်းနေသယောင်လည်းဖော်ပြပေးနေတတ် သည်။
သူ့အတွေးအခေါ်၊ အယူအဆ၊ လုပ်ရပ်မှန်သည်ဟုထင်ပြီးဆတက် ထမ်းပိုးတိုးကာရှေ့ဆက်၍လျှောက် လှမ်းလေမှားလေ အဖြစ်မျိုးနှင့်ကြုံ တွေ့ရတတ်သည်။မြန်မာနိုင်ငံသားအားလုံး သိထားကြရမည်မှာ မြန်မာပြည်သည် မြန်မာနိုင်ငံသား တို့အတွက်ကျေးဇူး ရှင်ဖြစ်သည်။ ထိုကျေးဇူးကို ကျေးဇူး ဆပ်ရန်လိုအပ်သည်။ အမိနိုင်ငံကို မပျက်စီးမဆုံးရှုံးရအောင် စောင့် ရှောက်ထိန်းသိမ်းခြင်းသည်ကျေးဇူး ဆပ်ခြင်းဖြစ်သည်။ ဤသည်မှာ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအား လုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်သည်။ လူသား၏ မြင့်မြတ်သောဆောင်ရွက်မှုလည်း ဖြစ်ပါသည်။
ကျေးဇူးဆပ်ခြင်းဆိုသည်မှာ တိုင်းရင်းသား ပြည်သူပြည်သား အချင်းချင်း 'သမဝါယသမ္ဗန္ဓ' နည်းအရ စည်းရုံးခြင်းဖြစ်သည်။ ထိုသို့စည်းရုံးရာတွင် အမြင်ချင်း တူဖို့ အရေးကြီးသကဲ့သို့ကိုယ်ကျင့် သိက္ခာတန်ဖိုးထားခြင်း လည်းတူညီ ရန်လိုအပ်ပါသေးသည်။
'အမြင်ချင်းတူ၊ ကိုယ်ကျင့် သိက္ခာတန်ဖိုးထားချင်းတူမှု'လောက ဝေါဟာရ အားဖြင့် ပြောဆိုရလျှင် အနစ်နာခံလိုစိတ် ရှိခြင်းပင်ဖြစ် သည်။ တာဝန်ထမ်းဆောင်ရာတွင် လည်း အနစ်နာခံရမည်။ အခွင့် အရေးယူမည့်ကိစ္စတွင်လည်း အနစ် နာခံရမည်။ တိုင်းရင်းသားပြည်သူ များ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာ တွင်လည်း အသာခံသည့်ဘက်က မနေဘဲ အနာခံသည့်ဘက်ကနေ ရန်သာနေရမည်။ သို့ဆိုလျှင်မြန်မာ နိုင်ငံတွင် အထူးအရေးတကြီး လိုအပ်နေသောပြည်တွင်းငြိမ်းချမ်း ရေးသည် မရမရှိ အမြန်ဆုံးရလာ မည်ဖြစ်သည်။
အသာခံခြင်းသည် လူတိုင်း လုပ်နိုင်သော်လည်း အနာခံခြင်း ကိုမူ လူတိုင်းမလုပ်နိုင်ကြပေ။ လူတိုင်းမလုပ်နိုင်သော လုပ်ရပ်ကို လုပ်နိုင်မှသာ မြင့်မြတ်သောပါရမီ ရှင်ဟု သတ်မှတ်နိုင်ပါမည်။
ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်း ရေးအတွက် တိုင်းရင်းသာလက် နက်ကိုင်အဖွဲ့အစည်းများကလည်း မိမိတို့လောဘကို ထိန်းချုပ်ပြီး လို သလောက်ကိုသာ တောင်းဆိုကာ အနစ်နာခံမှုကိုဦးတည်လျက်လက်ရှိ အရပ်သားအစိုးရနှင့် ညှိနှိုင်းကြ မည်ဆိုလျှင် ငြိမ်းချမ်းရေးပန်းတိုင် သည် လက်တစ်ကမ်းတွင်သာရှိနေ ပါသည်။ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကြီးဖြစ်လာ စေရန် အတူယှဉ်တွဲဆောင်ရွက်ကြ ပါစို့လားဟု တိုက်တွန်းရေးသား လိုက်ရပါသည်။
The Union Daily

No comments: