Monday, May 26, 2014

ဘ/က ကျောင်းများတွင် လာမည့် ပညာသင်နှစ် အတွက် ကျောင်းသုံးကိရိယာများ လိုအပ်နေ

Monday, May 26, 2014

တာချီလိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးပညာရေး (ဘ/က) ကျောင်းများတွင် လာမည့် ပညာသင်နှစ်အတွက် ကျောင်းသုံး ပစ္စည်းကိရိယာများ လိုအပ်လျက်ရှိကြောင်း တာချီလိတ်မြို့၏ ပညာရေးပံ့ပိုးမှု ကော်မတီမှ သိရသည်။

နိုင်ငံတော် အစိုးရမှ တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ စာရေးကိရိယာများနှင့် ဆရာ/မ လစာတို့အား ထောက်ပံ့ပေးခဲ့ သော်လည်း တာချီလိတ်မြို့နယ်ရှိ ဘ/က ကျောင်းများတွင် ယခုချိန်ထိ မရရှိသေးကြောင်း အဆိုပါ ဘ/က ကျောင်းများထံမှ သိရသည်။

ဒီက ဘ/က ကျောင်းတွေက တကယ်ကို ဆင်းရဲကြတယ်။ နယ်စပ်က တိုင်းရင်းသားတွေ မိဘမဲ့တွေ ကျောင်းနဲ့ အိမ်နဲ့ဝေးလို့ ဘုန်းကြီးကျောင်း မှာပဲ နေကြတဲ့ ကလေးတွေက ပိုများကြတယ် ဟု ပညာရေး ပံ့ပိုးမှု ကော်မတီအဖွဲ့ဝင် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းခြောက်ကျောင်းရှိပြီး အဆိုပါ ဘ/က ကျောင်းများမှ ကလေးသူငယ်များကို တာချီလိတ်မြို့နယ်မှ ဒေသခံမြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် ပညာရေးပံ့ပိုးမှု ကော်မတီမှ ဦးဆောင်၍ လှူဒါန်းမှုများ ပြု လုပ်လျက်ရှိကြောင်း သိရသည်။

ဒီမှာသင်ဖို့ ဆရာ/ ဆရာမတွေရဲ့ လစာကျောင်းသားတွေရဲ့ စားဝတ်နေရေး၊ အသုံးအဆောင်အများကြီး လိုအပ်တယ်။ ဒေသခံ တွေရဲ့ အကူအညီတွေနဲ့ပဲ ဖြေရှင်းရတယ်။ ဒီနှစ်လည်း အလှူရှင်တွေကိုမျှော်နေရတယ် ဟု တာချီလိတ်မြို့ ရွှေတောင်တန်း ပရဟိတ ကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦးခမာဝုဓ ကမိန့်ကြားသည်။

တာချီလိတ်မြို့နယ်တွင် အောင်မင်္ဂလာ ပရဟိတတောရကျောင်း၊ ရွှေတောင်တန်းပရ ဟိတကျောင်း၊ ဓမ်္မသစ်္စာကျောင်းတိုက်၊ နောင် ခမ်းအောင်ဆုပန်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောက်လိုဏ်ဂူ (မိုင်းဟဲ)၊ ဆမ်ကွမ်းသာသနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခြောက်ကျောင်းရှိပြီး၊ ကျောင်းသား (၄၈၄) ဦးရှိသည်။ အဆိုပါ ကျောင်းသားများကို အခါ၊ လားဟူ နှင့် ဗမာ မချို့တက်ရောက်ကြပြီး၊ အများစုမှာ ဘုန်းတော် ကြီးကျောင်းများတွင် ကျောင်းအိပ်ကျောင်း စားနေထိုင်ကြကြောင်း သိရသည်။

Messenger News Journal

No comments: