အနားယူသွားပြီဖြစ်တဲ့ မြန်မာ့တပ်မတော် ဒုတိယအကြီးဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမောင်အေး သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း နေပြည်တော် သတင်းရပ်ကွက်မှ သိရသည်။ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး နေအိမ်တွင် ကျန်းမာစွာရှိကြောင်း သတင်းရရှိသည်။
ဦးမောင်အေးဟာ ၁၉၃၇ ခုနှစ်၌ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် မွေးဖွားခဲ့ပြီး ရိုးဖြောင့်မှုဖြင့် နာမည်ကြီးသူဖြစ်သည့်အပြင် နိုင်ငံရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းသည့် စစ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဦးဝင်းတင် သေဆုံးပြီး ၁ လ အကြာတွင် ယခုလို လုပ်ကြံသတင်းလွှင့်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ အဆင့်တန်းရှိရှိနိုင်ငံရေးလုပ်ကြရန်အတွက် ပြည်သူများနှင့် မီဒီယာများကို တိုက်တွန်းထားသည်။
Myanmar Express
.jpg)
.jpg)
No comments:
Post a Comment