Friday, May 09, 2014

· လုပ်ငန်းခွင်တွင်းရှိအမျိုးသမီးများသည် အမျိုးသားများထက်ပိုအခွင့်အရေးရသင့်

Friday,May 09, 2014
လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အခွင့်အရေးရသင့်ကြောင်းမြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင် ရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

မေ ၁၉ ရက်တွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင်ပြု လုပ်သော မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအ
သင်း၏၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင် ၄င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ယောက်ကျားရော မိန်းမပါ အလုပ်လုပ်ရတာချင်းအတူတူ မိသားစု အတွင်းမှာ တစ်ဦးဦးမကျန်းမာတာတို့ ဘာတို့ဖြစ်ရင် အမျိုးသမီးတွေကပဲ ခွင့်ယူပြီးပြုစုစောင့်ရှောက်ကြတာတွေ့ရပါတယ် "ဟု ၄င်းကပြောသည်။

ထို့ကြောင့်အမျိုးသမီးများအခွင့်အရေးပိုမိုရရှိစေရန် အသင်းအနေနှင့် အစိုးရသို့တင်ပြသွား၇န်ရှိပြီး လူ့အသိုင်းဝိုင်းတွင်ရှိသောအမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုတိုးတက်အောင် ဆောင်ရွက်နေကြောင်း ၄င်းကပြောသည်။

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင်
အသင်းသူ ၁၇၅၃ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments: