Tuesday, May 27, 2014
ထိုင်းနာမည်ကြီး အဆိုတော် အက်စ်ခါရာဗောင်းက ထိုင်းစစ်တပ် အာဏာသိမ်းအဖွဲ့အား ဂုဏ်ပြုသီချင်း ရေးစပ် သီဆိုပေးကာ မေလ ၂၆ ရက်တွင် Youtube ဝက်ဆိုဒ်မှ တဆင့် လွှင့်တင် ပေးခဲ့သည်။
အဆိုပါ သီချင်းအား အောက်ပါ လင့်၌ နားဆင် နိုင်ပါသည်။
http://www.youtube.com/watch?v=USR0gyfW9o0#t=84
ထိုင်းအဆိုတော် အက်ခါရာဗောင်းသည် နိုင်ငံရေး သီချင်းများနှင့် ဘဝသရုပ်ဖော် သီချင်းများ ရေးစပ် သီဆို၍ လူသိများသည့် နာမည်ကြီး တစ်ဦး ဖြစ်သည်။
အက်စ်ခါရာဗောင်းအား ကျွဲရိုင်းနီ ကြော်ငြာဖြင့် မြန်မာပရိတ်သတ်က သိရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း တေးသီချင်း ရေးစပ်သီကုံး၍ သီဆိုခဲ့ဖူးသည်။
ဒေါ်အောင်ဆန်း စုကြည် အတွက် ရေးထားသည့် သီချင်းအား အောက်ပါလင့်ခ်၌ နားဆင် နိုင်ပါသည်။
http://www.youtube.com/watch?v=RvHpxk3XGRM
ထို့ပြင် ၎င်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်သည့် ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့်လည်း ခင်မင် ရင်းနှီးသည်။
RCSS/SSA စခန်း လွယ်တိုင်းလျန်းတွင် ပြုလုပ်သည့် ပျော်ပွဲ ရွှင်ပွဲများတွင် ၎င်းကိုယ်တိုင် လာရောက်၍ ဖျော်ဖြေ ပေးခဲ့ဖူးသည်။
Mizzima

No comments:
Post a Comment