မန္တလေးမြို့ အောင်ပင်လယ်ကန်မှာ
ပြုလုပ်တဲ့ နိုင်ငံရေးဟောပြောပွဲမှာလဲ NLD ခေါင်းဆောင် ဒေါ်စုဟာ “ဒီနှစ်အတွင်းမှာ အခြေခံဥပဒေကို
ပြင်နိုင်အောင်လုပ်ပြမယ်” ဆိုပြီး ပြင်းထန်တဲ့စကားလုံးတွေနဲ့
စိန်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် “တပ်မတော်ကို
ပြည်သူက ယုံကြည်မှုမရှိသလ၊ို ပြည်သူကိုလဲ တပ်မတော်က မယုံကြည်ဘူး” ဆိုပြီး
ပြောထားပါသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်
ဒေါ်စုဟာ တပ်မတော်နဲ့ပြည်သူအား ဝေးသထက်ဝေးအောင် စကားများဖြင့် ရန်တိုက်ပေးနေတာလို့မြင်မိပါတယ်။
ဒါဟာ အနောက် အုပ်စုရဲ့ ကျင့်သုံးနေတဲ့ နိုင်ငံရေးနိယာမတွေဖြစ်ပါတယ်။
ပြန်လည်သုံးသပ်ကြည့်ပါက ဒေါ်စုပြောသလို ၂၀၀၈
အခြေခံဥပဒေက တပ်မတော်နဲ့ပြည်သူကို တန်းတူမရှိအောင် ခွဲခြားထားတယ် ပြောရအောင်
ဥပဒေထဲမှာ တပ်မတော်သားတွေကို ပြည်သူတွေထက် ဘာတွေပိုပေးရမယ်၊ ဘာအခွင့်အရေးတွေ ရရမယ်လို့
ရေးထားတာမရှိပါဘူး။ အမှန်တကယ် တပ်မတော်နဲ့ ပြည်သူကို ခွဲနေတာက ဒေါ်စုကိုယ်တိုင်ပဲဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်တော်ထဲမှာ တပ်မတော်သားတွေနဲ့ပြည်သူတွေ တန်းတူညီတူ ဆွေးနွေးနေတာကို မဖြစ်သင့်ဘူးဆိုပြီး
ပြောနေတာလဲ ဒေါ်စုပဲဖြစ်ပါတယ်။ ထို့အပြင်
၈၈ အဖွဲ့က မင်းကိုနိုင်ကလဲ ဖွဲ့စည်းပုံပြင်ရန်လိုအပ်ပါက လမ်းပေါ် မှာ လူပြည့်သွားအောင်
ဖန်တီးနိုင်တယ်ဆိုပြီး ကြွေးကြော်ထားပါသေးတယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်ဖို့ထက် ဆူပူအုံကြွမှုဖြစ်စေဖို့
ပိုပြီး နီးစပ်နေပါတယ်။ ဒါဟာ ၈၈ အရေးခင်းကို မမှီလိုက်၊ မကြုံလိုက်ရတဲ့
လူငယ်များအတွက် သိစေ၊မြင်စေချင်လို့ စေတနာအရင်းခံနဲ့ ပြန်လုပ်ပြမလို့လား
ဦးမင်းကိုနိုင်ရယ်လို့တောင် မေးရမလို့ဖြစ်နေပါတယ်။
နောက်ဆုံး
သိစေချင်တာကတော့ ဒေါ်စုနဲ့ ၈၈ အဖွဲ့တို့သည် တပ်မတော်နှင့် ပြည်သူ၊ ထို့အပြင်
အစိုးရနှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့
တင်ပေးနေတယ်။ ဒါအပြင့် ဆူပူအကြမ်းဖက်များဖြစ်အောင် ပြည်သူ နဲ့အတိအလင်း သွေးခွဲကာ
နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင်လုပ်ပြီး သူတို့တွေ ထောက်ခံမှုရရှိအောင်
ပေါ်ပေါ်တင်တင် လုပ်နေခြင်း ဖြစ်သည်။ ထို့သို့ လုပ်ဆောင်နေခြင်းဟာ ထိုင်းနိုင်ငံလို
ဆူပူအုံကြွမှုတွေဖြစ်ပြီး အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ သဘောပါပဲ။ ဒီအချက် ဟာ
မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ၊ စိုးရိမ်ရလေ ဖြစ်ပါသည်။
တကယ်တမ်း ဖြစ်လာပြီဟေ့ ဆိုလျှင် နစ်နာကြရသည်က ပြည်သူများသာ ဖြစ်ကြပါတယ်။ ဒါကြောင့်
ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်း မပို့ကြရန် ဒေါ်စုအပါအဝင်၊
အတိုက်ခံများကို တောင်းဆိုလိုပါသည်။ ဒါအပြင့် တန်ဘိုးရှိတဲ့
လူငယ်တွေကို ထပ်ပြီး မစတေးပါနဲ့ တော့။ လူထုကိုလဲ ၈၈ ကလို
အသုံးချပြီး နိုင်ငံ ကမောက်ကမဖြစ်အောင် ထပ်ပြီးမလုပ်ပါနဲ့တော့လို့ ပြောချင်ပါတယ်။
ဇော်မောင်

No comments:
Post a Comment