- Friday, May 02, 2014အလုပ်သမားနေ့တွင် လုပ်သားများကို အနားပေးခြင်း မရှိသည့် စက်ရုံများကို အဆိုပါနေ့တွင် ပိတ်ပေးရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်ရှိ အောင်မြေသာယာ ဘောလုံးကွင်းတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FTUN) မှ ပြုလုပ်သည့် အလုပ်သမားနေ့ အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
အလုပ်သမားနေ့တွင် လုပ်သားများကို အလုပ်မပိတ်ပေးသည့် စက်ရုံများ ရှိသည်ဟု ကြားရကြောင်း၊ လုပ်သားများအတွက် အရေးကြီးသည့် နေ့ထူးနေ့မြတ်ကို ပိတ်ပေးသင့်သည်ဟု ထင်မြင်မိကြောင်း၊ နောင်နှစ်များတွင် ပိတ်ပေးရန်အတွက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နားလည် သဘောပေါက်ပြီး လိုက်လိုက်လျောလျော ပါဝင်လာအောင် စည်းရုံးမှာပါ” ဟု ဦးထင်အောင်က ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မပိတ်ပေးသည့် စက်ရုံများမှာ အလုပ်သမားများနှင့် ညှိနှိုင်းကာ လုပ်ကိုင်သော စက်ရုံများဖြစ်ပြီး လှိုင်သာယာ တစ်မြို့နယ်လုံးတွင် စက်ရုံ နှစ်ဆယ်ခန့် ရှိကာ အအေးခန်း စက်ရုံများသာ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က The Voice သို့ ပြောကြား သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ စိန်ငွေမြ အမည်ရှိ ကြက်သားပေါက် စက်ရုံတွင် အလုပ်သမားနေ့ နားခွင့် မပေးသည့်အတွက် အလုပ်သမား ၄၀ ခန့် ဆန္ဒထုတ်ဖော်နေကြောင်း အဆိုပါစက်ရုံ လုပ်သားများထံမှ သိရသည်။
The Voice Weekly
Friday, May 02, 2014
အလုပ်သမားနေ့တွင် အလုပ်မပိတ်ပေးသည့် စက်ရုံများ ပိတ်ပေးရန် စည်းရုံးမည်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment