Wednesday, May 14, 2014
ကံကုန်းကျေးရွာမှ လုံခြုံရေး ၀န်ထမ်း နှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်အား ကြေးနီ စီမံကိန်းထဲမှ တရုတ် အရာရှိများ မောင်းနှင်လာသော ကားမှ ၀င်ရောက် ချိတ်မိ သဖြင့် ဒေသခံတစ်ဦး အနည်းငယ် ထိခိုက် ဒဏ်ရာရရှိ သွားခဲ့ရကြောင်းသက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း နှင့်ကြေးစင်တောင် စီမံကိန်းနှစ်ခုအကြား မုံရွာ- ပုသိမ်လမ်းမကြီးပေါ် (၁၆) ကုတင်ဆံ့ ဆေးရုံမြောက်ဘက်တွင် (၁၃ .၅. ၂၀၁၄) ရက်နေ့ နံနက် (၈း၄၅) နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသခံ လုံခြုံရေး ၀န်ထမ်း နှစ်ဦးမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကြီးအတွင်း စီနို ဟိုက်ဒရို ကုမ္ပဏီတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြောင်း သိရပြီး ၀င်ရောက်ချိတ်မိသည့် ယာဉ်ပေါ်ပါလာသူ တရုတ်နိုင်ငံသားများသည် မြန်မာယန်စီ ကုမ္ပဏီမှ အရာရှိများ ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ ပြောပြချက် အရ သိရသည်။

တိုက်နယ် ဆေးရုံမြောက်ဘက်နား ရောက်တဲ့အချိန်မှာ တရုတ်အရာရှိတွေ မောင်း လာတဲ့ ကားက ဖင်နဲ့ ၀င်တိုက် မိသလို ဖြစ်သွားတယ်။ ဆိုင်ကယ်ကို မထိန်းနိုင်ဘဲ လမ်း ဘေးထိုးကျသွားခဲ့တယ်။ တရုတ်အရာရှိတွေ ကတော့ ဆေးရုံကို ပို့ပေးပါတယ်။ သက်ဆိုင်ရာ ရဲစခန်းမှာ ကျေအေးလွှာ ထိုးပေးခဲ့ပါ တယ်။ ဆေးဖိုးဝါးခ တွေလည်း ကျသလောက်ပေးပါ့မယ်လို့ ပြောပါတယ် ဟု တရုတ်အရာရှိ များကားနှင့် ၀င်ရောက်ချိတ်မိခံခဲ့ရသူ ကံကုန်း ကျေးရွာမှ ကိုဝင်းစိုး က The Messenger သတင်းစာသို့ ပြောသည်။
အဆိုပါ ဒေသခံ လုံခြုံရေး နှစ်ဦးအား ၀င်ရောက်တိုက်မိသည့် ကားပေါ်တွင် တရုတ် အမျိုး သားငါးဦး နှင့် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာ ခဲ့ကြောင်း ၎င်း က ဆက်ပြော သည်။ နိုင်ငံခြားသားတွေက စီမံကိန်းနယ် မြေထဲမှာ ကားမောင်းတာ အဆန်း မဟုတ်ပေမယ့် အများ ပြည်သူသွားလာနေတဲ့ လမ်းမကြီး ပေါ်တွေမှာ ကားမောင် ပိုင်ခွင့်ရှိလို့လား။ တကယ်လို့ရှိခဲ့ရင်လည်း မြန်မာနိုင်ငံ ယာဉ် စည်းကမ်းဥပဒေအတိုင်း လိုက်နာပြီး မောင်း သင့်ပါတယ်။ အခုကျတော့ သက်ဆိုင်ရာ အမှု ဖွင့်စစ်ဆေးခြင်း လည်း မရှိဘူး။ တရားဥပဒေ စိုးမိုးမှုလုံးဝကို မရှိတာသေချာပါတယ်။ ဒီလို သာ ဆက်လုပ်နေမယ်ဆိုရင် စီမံကိန်းနယ်မြေ ဒေသခံတွေကို တရုတ်တွေက လုံးဝမထီမဲ့မြင် ပြုမှုတွေ ပိုများလာနိုင်ပါတယ် ဟု ကံကုန်း ကျေးရွာမှ ကိုတင့်အောင်စိုးက ပြောသည်။
နှစ်ဖက်ကျေအေးလို့ အမှုမဖွင့်ပေးတော့ဘူး။ ကျန်တာကတော့ သူတို့ကုမ္ပဏီ စည်းကမ်း အတိုင်း ဆက်လက်လုပ်ဆောင် သွားမယ် လို့ ကုမ္ပဏီက ပြောပါတယ်။ ထိခိုက် မိတာကလည်း ပွန်းပဲ့ရုံ အဆင့်လောက်ပဲ ရှိတာမို့ပါ တစ်ဖက်ကလည်း ကျေအေးပါတယ်လို့ ခံဝန်လည်းထိုးပြီးသွားပြီ ဟု သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
Messenger News Journal
No comments:
Post a Comment