Sunday, May 04, 2014

မီဒီယာသမားများ သတင်းယူရာတွင် အခက်အခဲမရှိစေရန် အစိုးရထံသို့ တင်ပြပေးရေး MJA အဖွဲ့ဝင်များ တောင်းဆို

Sunday, May 04, 2014

သတင်းမီဒီယာသမားများ သတင်းရယူရာတွင် အစိုးရအုပ်ချုပ်ရေးအဖွဲ့များနှင့် သတင်း မီဒီယာများအကြား မလိုလားအပ်သော အခက်အခဲများ မရှိစေရန် အတွက် ပြည်ထောင်စုအစိုးရထံသို့ တင်ပြပေးရေးကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA)၏ ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးတွင် ပြည်တွင်း
သတင်းစာဆရာများက အဆိုတင်သွင်းခဲ့သည်။

သတင်းမီဒီယာသမားများအပေါ် အကျိုးအကြောင်းမဆီလျော်သည့် အကျပ်ကိုင် အရေးယူခြင်းများ မပြုလုပ်နိုင်ရန်နှင့် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် လွတ်လပ်စွာ
သတင်းရယူခွင့်ရရှိစေရန် ပြည်ထောင်စု အစိုးရ၊ တိုင်း၊ ပြည်နယ်အစိုးရများထံ တင်ပြပေးရန်ကို မြန်မာနိုင်ငံသတင်း စာဆရာများအသင်း အပါအ၀င် သတင်းမီဒီယာ
အဖွဲ့အစည်းအသီးသီးက ကူညီပံ့ပိုးပေးရန် သတင်းသမားများ အားလုံးအတွက် မကွေးတိုင်းသတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က အဆိုတင်သွင်း
တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသက်လွင်က “ သတင်းရယူခွင့်ကို အာဏာပိုင်အဖွဲ့စည်းတွေရဲ့တားမြစ်မှုတွေရှိနေပါတယ်။ မကွေးတိုင်းထဲမှာ နံရံကပ်စာစောင်လေး ဖြန့်ဝေတာတောင် ဌာနဆိုင်ရာနဲ့ ပြည်နယ်အစိုးရရဲ့တားမြစ်မှုရှိနေပါတယ်။ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုမှုတွေက သတင်းသမားတွေ အနာဂတ်အတွက် များစွာစိုးရိမ်နေကြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ကျွန်တော်တို့ အနေအထားနဲ့ မဖြစ်နိုင်ပါဘူး၊ သမ္မတ၊ ပြည်ထောင်စုအစိုးရလို အဆင့်မျိုးကို မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းက ကူညီပြီးတင်ပြပေးဖို့ တောင်းဆိုလိုပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း (MJA) ၏ ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးကို မေလ ၄ရက်တွင် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးမှ အဆိုများကို MJA အနေဖြင့် သတင်းထုတ်ပြန်ကာ ပြည်ထောင်စု အစိုးရအပါအ၀င် အစိုးရအဖွဲ့များ ထံတင်ပြပေးသွားမည်ဟုလည်း MJA ဥက္ကဋ္ဌ ဦးကိုကိုက
မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးတွင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှ သတင်းစာဆရာများ အသင်းဝင်များက သတင်းမီဒီယာသမားများ သတင်းမီဒီယာဥပဒေနှင့်အညီ သတင်းများရယူရာတွင် မလိုလားအပ်သော အခက်အခဲများ မရှိရေးနှင့် လွယ်ကူအဆင်ပြေေးအတွက် ပြည်ထောင်စု
အစိုးရ၊ တိုင်းအစိုး၊ ပြည်နယ်အစိုးရများနှင့် အဖွဲ့စည်း အသီးသီး ကူညီပံ့ပိုးပေးကြရန်နှင့် သတင်းမီဒီယာသမားများအပေါ် အကျိုးအကြောင်းမဆီလျော်သော အကျပ်ကိုင် အရေးယူခြင်းများ မပြုလုပ်ကြပါရန်အစရှိသည့် အဆိုများဖြင့် တိုက်တွန်းတောင်း ဆိုခဲ့သည်။

Mizzima 

No comments: