Friday, June 06, 2014
အမေရိကန် လေတပ်မှ ဂျတ်တိုက် လေယာဉ်တစ်စီးသည် ဆန်ဒီယာဂိုမြို့မှ အရှေ့ဘက်မိုင် (၉၀) အကွာရှိ ကယ်လီဖိုးနီးယား သဲကန္တာရထဲမှ အရပ်ဘက် နေအိမ်များပေါ်သို့ ပျက်ကျ သွားခဲ့ကြောင်း သိရသည်။
ရုပ်သံဌာနများ၏ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့က လေယာဉ် ပျက်ကျခဲ့ရာ အင်ပီရီရယ် မြို့မှ နေအိမ် လမ်းတစ်ခုတွင် အနည်းဆုံး အိမ် တစ်လုံးခန့်မှာ မီးလောင် ခဲ့ကြောင်းဆိုသည်။ ပျက်ကျခဲ့သည့် လေယာဉ်မှ ယာဉ်မှူးဖြစ်သူ မှာမူ ယာဉ်မှ အရေးပေါ် ခလုတ်ဖြင့် ခုန်ထွက်သွား နိုင်ခဲ့ကြောင်း သိရသည်။

ဒေသခံ တစ်ဦးဖြစ်သည့် အက်ဒရီယာ နာရားမို့စ် (၄၅) နှစ်ကလည်း သူမ၏ နေအိမ်သည် လေယာဉ်ပျက်ကျ လာမှုကြောင့် တုန်ခါ သွားခဲ့ကြောင်း ဆိုသည် ။ ““အဲဒါက ဗုံးကျသလိုပါပဲ။ နောက်ဖေးခြံဝင်းထဲမှာ ဖြစ်ခဲ့တာပါ””ဟု ပြောသည်။ မစ္စရားမို့စ်က သူမသည် ကလေးနှစ်ဦးကို ဆွဲခေါ်ကာ အိမ်ထဲမှ အတင်းပြေးထွက် ခဲ့ရကြောင်း ဆိုသည်။
ယခု လေယာဉ် ပျက်ကျမှုမှာ အရီဇိုးနားရှိ ယူမာလေတပ် အခြေစိုက်စခန်းမှ ဟာရီရာ ဂျတ်လေယာဉ်တစ်စီး ဒုတိယ အကြိမ်ပျက် ကျမှုဖြစ်သည်။ ပြီးခဲ့သည့် မေလ (၉) ရက်နေ့ ကလည်း ဖီးနစ်မြို့မှ တောင်ဘက်ရှိ ဂီလာမြစ် အင်ဒီးယန်း အရပ်ဒေသအနီး ကန္တရတစ်ခုတွင် လေယာဉ်တစ်စီး ပျက်ကျခဲ့ကာ ယာဉ်မှူးမှာ ခုန်ထွက် လွတ်မြောက်နိုင်ခဲ့ကြောင်း သိရသည် ။ ၂၀၀၈ ကလည်း ဆန်ဒီယေဂို မြို့တွင် လူနေရပ်ကွက် အတွင်း စစ်လေယာဉ်ပျက် ကျရာလေးဦး သေဆုံးခဲ့ရဖူးပြီး၊ ယာဉ်မှူးမှာမူ လေယာဉ် ပျက်မကျခင် ခုန်ထွက် လွတ်မြောက်သွားခဲ့သည်။
Messenger News Journal
No comments:
Post a Comment