Tuesday, June 24, 2014
အသစ်ခန့်အပ်တာဝန် ပေးအပ်မည့် ရခိုင်ပြည်နယ်ဝန် ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ရမည့်အပြင် ရွေးချယ် တင်မြှောက်ခြင်းခံရသော ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် များထဲမှသာ ဖြစ်ရမည်ဟု ရခိုင် အမျိုးသားပါတီ (ANP) က ဇွန်လ ၂၃ ရက်တွင် သဘောထားထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၁၉ ရက်က ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပြီး ငါးရက်အကြာ တွင် ANP က ယင်းကဲ့သို့ ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၁၉ ရက်က ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပြီး ငါးရက်အကြာ တွင် ANP က ယင်းကဲ့သို့ ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
သဘောထား ထုတ်ပြန် ချက်တွင် ဦးလှမောင်တင်သည် ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရွေးကောက်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးခံရသော ၀န်ကြီးချုပ် ဖြစ်သည်။
ဒီမိုကရေစီအနှစ်သာရများ နှင့် ညီညွတ်အောင် ကျင့်သုံးမည် ဆိုပါက ရခိုင်ပြည်နယ် လွှတ် တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် ရခိုင်အ မျိုးသားပါတီမှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဦးအား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်သင့်ကြောင်း ဖော်ပြသည်။
ဦးလှမောင်တင် ရာထူးမှ နုတ်ထွက်သွားပြီးနောက် ရခိုင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့် အပ်ရန် သတင်းထွက်ပေါ်နေ သော နယ်စပ်ဒုဝန်ကြီးဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်းအား ရွေးကောက်ပွဲကော်မရှင်က ရခိုင် ပြည်နယ် လွှတ်တော်တွင် တပ်မ တော်သားကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။
ယင်းအတွက်ကြောင့်ပင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ၀န် ကြီးချုပ်အဖြစ် ခန့်အပ်ရန်မှာ သေချာနေကြောင်း သုံးသပ်ခဲ့ကြ သည်။ ၀န်ကြီးချုပ်ခန့်အပ်ရေး ဆွေးနွေးသွားဖွယ်ရှိသော ရခိုင် ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးကို ဇွန်လ ၂၅ ရက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
7 days
No comments:
Post a Comment