Tuesday, June 24, 2014
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရပြီး ဖမ်းဆီးခံထားရသော ဦးဆန်းဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနက မည်သည့် အကြောင်းအရာများ စစ်ဆေးနေသည်ကို ထုတ်ပြန်ဦးမည် မဟုတ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
“ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ ဘာကိစ္စမှ ထုတ်ဖော်ပြောလို့ မရသေးပါဘူးဗျ” ဟု ၎င်းကဆိုသည်။
ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်တွင် ဖမ်းဆီးထားခြင်းကိုလည်း အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်းလည်း ၎င်းက မီဒီယာများကို ထပ်လောင်း ပြောကြားသည်။
ဇွန်လ ၁၉ ရက်နေ့က ဦးဆန်းဆင့်ကို ဝန်ကြီးရာထူးမှ ထုတ်ပယ်ပြီး ပုပ္ဗသီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် အစိုးရအဖွဲ့က အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
“ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ ဘာကိစ္စမှ ထုတ်ဖော်ပြောလို့ မရသေးပါဘူးဗျ” ဟု ၎င်းကဆိုသည်။
ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်တွင် ဖမ်းဆီးထားခြင်းကိုလည်း အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်းလည်း ၎င်းက မီဒီယာများကို ထပ်လောင်း ပြောကြားသည်။
ဇွန်လ ၁၉ ရက်နေ့က ဦးဆန်းဆင့်ကို ဝန်ကြီးရာထူးမှ ထုတ်ပယ်ပြီး ပုပ္ဗသီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် အစိုးရအဖွဲ့က အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ သက်ဆိုင်သော အသိုင်းအဝိုင်း အားလုံးကို စစ်ဆေး မေးမြန်မှုများအပြင် ခေါ်ယူမေးမြန်းမှုများလည်း ရှိနေကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။
ထို့အပြင် ပြည်တွင်းသတင်းမီဒီယာ အချို့ကို ခေါ်ယူမေးမြန်းခြင်းသည် သတင်းစာနှင့် ဂျာနယ်များ၏ အောင်မြင်မှု အခြေခံအကြောင်းများကိုသာ မေးမြန်းခြင်းဖြစ်ပြီး ခေါ်ယူစစ်ဆေးခြင်း မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက သတင်းထုတ်ပြန်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။
ထို့ပြင် ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်သာသနာရေးရုံးမှ ဦးအံ့မောင်ကို ခေါ်ယူစစ်ဆေးသည် ဆိုသည့် သတင်းမှာလည်း မိမိအနေနှင့် မကြားသိရသေးကြောင်း ၎င်းက The Voice သို့ ပြောဆိုသည်။
“ဦးအံ့မောင်နဲ့ ပတ်သတ်လို့ ကျွန်တော် မကြားမိဘူးဗျ။ တချို့ကိစ္စတွေမှာ စစ်ဆေးတာမျိုး မဟုတ်ဘဲနဲ့ ခေါ်ယူမေးမြန်းတာတွေတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို နိုင်ငံပိုင်ဘဏ္ဍာ အလွဲသုံးစားလုပ်မှု၊ သန္တိသုခကျောင်းတိုက်ကို သိမ်းယူမှုနှင့် အခြားသော ပြစ်မှုများကြောင့် ရာထူးမှ ထုတ်ပယ်၍ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထဋ်က အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ပြောကြားထားသည်။
သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို နိုင်ငံပိုင်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုဖြင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း ရဲစခန်းတွင် ဇွန်လ ၁၉ ရက်နေ့၌ အထူးစုံစမ်းရေးဦးစီးဌာန (စစစ) မှ ညွန်ကြားရေးမှူးက အမှုဖွင့်ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်မှ တရားဝင် ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့ပြီးသည့် နောက်ပိုင်းတွင် အဂတိလိုက်စားသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွန်ကြားရေးမှူး အပါအဝင် ဝန်ထမ်းများကို အစိုးရအတွင်းပိုင်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဦးဆန်းဆင့်ကိုလည်း ယင်းကဲ့သို့ အရေးယူခြင်းသာ ဖြစ်ကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောဆိုသည်။
လက်ရှိတွင် လစ်လပ်ရာထူးဖြစ်သော သာသနာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ရာထူးကို သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းကို အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ထားပြီ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment