Monday, June 23, 2014
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ညောင်တရှောက်ရွာဈေးဆိုင်တစ်ဆိုင်မှ
ငွေကျပ် ၁၈ သိန်းနှင့်ရွှေထည်ပစ္စည်း ကျပ်သိန်း ၄၀ ကျော်ဖိုးဓားပြတိုက်လုယက်
ခံရမှု ဇွန်လ ၂၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ခန္တီးမြို့အထက်ပိုင်း သုံးမိုင် ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးတွင် ရှိသည့် ညောင်တရှောက်ရွာ ရှိ ဈေးဆိုင်တစ်ခုတွင် ဇွန်လ ၂၁ ရက် နံနက် ၂ နာရီခန့်က မျက်နှာဖုံးစွပ်အမျိုးသားလေးဦးခန့်က သေနတ်ပစ်ဖောက်ကာ ရွှေနှင့်ငွေကျပ်သိန်း ၆၀ ခန့်ကို လုယက်ယူငင် သွားခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ညောင်တရှောက်ရွာဈေးဆိုင်တစ်ဆို
ခန္တီးမြို့အထက်ပိုင်း သုံးမိုင် ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးတွင် ရှိသည့် ညောင်တရှောက်ရွာ ရှိ ဈေးဆိုင်တစ်ခုတွင် ဇွန်လ ၂၁ ရက် နံနက် ၂ နာရီခန့်က မျက်နှာဖုံးစွပ်အမျိုးသားလေးဦး
ချင်းတွင်မြစ်ကမ်းဘေးတွင် ဈေးဆိုင်ဖွင့်ထားသော နေအိမ်သို့ နံနက် ၂ နာရီခန့်က အမျိုးသားအ ချို့ရောက်ရှိလာပြီး ဈေးဆိုင်ပိုင် ရှင်၏အမည်ကို ခေါ် နှိုးကာ ၎င်းတို့မှာ ငါးဖမ်းပြန်လာသူများဖြစ် ကြောင်းနှင့် အရက်ဝယ်ရန် အရက်ရှိသလားဟု မေးမြန်းခဲ့ကြောင်း၊ဆိုင်ရှင်မှ
‘‘မိုးမလင်းခင်ဖြစ်သွားတာ ဆိုတော့ ဘယ်သူဘယ်ဝါသဲသဲ ကွဲကွဲမသိလိုက်ဘူး။ ပစ္စည်းတွေ တော့ ပါသွားတယ်။ လူကတော့ ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ဌာန ဆိုင်ရာတွေကလည်း အခုစစ် ဆေးနေပါတယ်။ တခြားအနီးအ နားက ရွာတွေပါ စုံစမ်းစစ်ဆေး နေပါတယ်။ ခုထိတော့ ဖမ်းမမိ သေးဘူး’’ဟု ခန္တီးမြို့နယ်အုပ်ချုပ် ရေးမှူးက ဇွန်လ ၂၂ ရက် ညနေတွင် ပြောသည်။
မြစ်ကြောင်းအတိုင်း စက် လှေဖြင့်လာကာ ဓားပြတိုက်သွား ခြင်းဖြစ်ပြီး ဓားပြတိုက်သူများက သေနတ်လေးချက်ပစ်ဖောက် သွားသည်ဟု ဒေသခံများကပြော သည်။ ဓားပြများရိုက်နှက်ခံရ သော အသက် (၃၀)ကျော်အရွယ် ဆိုင်ရှင်အမျိုးသားမှာ ဦးခေါင်း ၌ အနည်းငယ်ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး လက်ရှိတွင် ခန္တီးဆေးရုံ ၌ ဆေးဝါးကုသမှုခံယူနေသည် ဟု ခန္တီးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ယင်းဖြစ်ရပ်အတွက် ခန္တီး မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဖြေကြားပေး ခြင်းမရှိခဲ့ပေ။ လူအင်အားနည်း သည့်အတွက် ဓားပြမှုမဟုတ်ဘဲ လုယက်မှုအနေဖြင့်သာ အမှုဖွင့် ဖွယ်ရှိသည်ဟု ခန္တီးမြို့နယ်အုပ် ချုပ်ရေးမှူးကပြောသည်။
7 days
No comments:
Post a Comment