Sunday, June 08, 2014
ရှမ်းပြည်မြောက်ပိုင်းတွင် ဇွန်လ ၅ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးတစ်ဦး ကျဆုံးပြီး နောက်ပိုင်းတွင် မူဆယ်မြို့နယ်အပိုင် မွန်းဂိုးဘက်အပိုင်းတွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေကြောင်း အမှတ် (၈၈) ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ဆီက စစ်ကြောင်း ချီတက်တာတော့ မရှိပါဘူး။ နယ်မြေ အကာအကွယ် ယူတဲ့အခါ ထိပ်တိုက်တွေ့တော့ ဖြစ်နေတာပါ” ဟု ၎င်းကဆိုသည်။
ယခု ရက်ပိုင်းအတွင်း KIA၊ TNLA နှင့် အခြားတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံဖြစ်ပွားမှု ရှိနေသော်လည်း ဇွန်လ ၆ ရက်နှင့် ၇ ရက် နံနက်ပိုင်းအထိ KIA နှင့်သာ အဓိက တွေ့ဆုံနေရကြောင်း၊ တိုက်ပွဲငယ်များတွင် နှစ်ဦးနှစ်ဖက် အကျအဆုံး ရှိနိုင်သော်လည်း ယင်းကိစ္စနှင့် ပတ်သက်သော အချက်အလက်များကိုမူ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိကြောင်း အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။
တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့သည် ပဋိပက္ခဖြေရှင်းရေး ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံ သဘောတူခဲ့သော်လည်း လက်ရှိအချိန်အထိ လက်နက်ကိုင် နှစ်ဖက်ကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
အဆိုပါ တိုက်ပွဲငယ်များဖြစ်ရာ ဒေသရှိ တပ်မဌာနချုပ်သို့ ဇွန်လ ၇ ရက်နေ့တွင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ကိုယ်တိုင် လေ့လာစစ်ဆေးခဲ့ကြောင်းနှင့် ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
The Voice Weekly
No comments:
Post a Comment