Monday, June 30, 2014

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးဆွဲရန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်


Monday, June 30, 2014

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ တတိယအကြိမ်ညီလာခံကို ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါညီလာခံကို ဇူလိုင် တတိယပတ်တွင် ပြုလုပ်ရန်လျာထားပြီး တိုင်းရင်းသားခေါင်း ဆောင်များ သွားရေးလာရေး နှင့် ပတ်သက်၍ကူညီပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အကြီးတန်းအရာရှိကြီး တစ်ဦးကပြောသည်။

သို့သော်အဆိုပါဆွေးနွေးပွဲ သို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များမှာမူ တက်ရောက်ရန် မသေချာသေး ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းနှင့် ပတ် သက်၍ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT) တို့ဆွေးနွေးချက် များထဲမှ အဆင်မပြေသည့် အချက်များကို ယခုကျင်းပမည့် ညီလာခံတွင် ဆွေးနွေးကြမည်ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရန် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များ ညီလာခံကို ၂၀၁၃ ခုနှစ် အောက်တိုဘာ တွင် လိုင်ဇာ၌ ပထမဦးဆုံးအ ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလဆန်းတွင် KNU ထိန်း ချုပ်နယ်မြေလော်ခီးလာ၌ ဒုတိယအကြိမ်ကျင်းပခဲ့သည်။

7 days

No comments: