Friday, June 20, 2014

အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် တောင်ငူတွင် ဟောပြောမည်

Friday, June 20, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဇွန်လ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ပြည်သူလူထုကို ဟောပြောမည်ဖြစ်ကြောင်း မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၁ ရက် နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ လူထုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထို့နောက် တောင်ငူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း လူထုတွေ့ဆုံဟောပြောမှုများ ပြုလုပ်ခဲ့သည်။

7days

No comments: