Thursday, June 05, 2014

သမ္မတဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလိုသည့် KNU

Thursday, June 05, 2014
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတော်သမ္မတတို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတကြီးအား ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

‘‘အကြံပြုရတဲ့အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သမ္မတကြီးကစတင်ဖော်ဆောင်တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို စလယ်ဆုံးသမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည် တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထားကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့တိုင်းပြည်က လိုအပ်လို့ ပြည်သူကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ၂၀၁၅ခုနှစ်အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ခိုင်မာပြီး နောက်ကြောင်း ပြန်မလှည့်နိုင်သည့်အခြေအနေတစ်ခုထိရောက် အောင်ဆောင်ရွက်ပေးပါဟုလည်း အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments: