Friday, June 20, 2014
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မော်တော်ယာဉ်မှတ်ပုံတင် အထောက်အထား တစ်စုံတစ်ရာ မပြနိုင်၍ လွန်ခဲ့သော နှစ်ရက်က ဖမ်းဆီးထားသည့် 7D /0182 TOYOTA MARK II ခဲမဲရောင်မော်တော်ယာဉ်ကို ပြန်တောင်းရန် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် “ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA –PC) ဗိုလ်ကြီးသက်ချိုနှင့်အဖွဲ့ လာရောက်ခဲ့သည်ဟု အမှတ်(၁)၊ ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက ဇွန် ၁၉ ရက် ပြောသည်။
“မြို့နယ်မှူးနဲ့ သွားတွေ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကားကို ပြန်လိုချင်တယ်။ ဌာနသုံးကား ဘာကြောင့် ဖမ်းတာလဲဆိုတာ သိချင်တယ်”ဟု ၎င်းက ဆိုသည်။

ဇွန် ၁၇ရက်က ပြည်မြို့၊ န၀င်းရပ်ကွက်၊ သံတစ်ချောင်းလမ်းယဉ်ကျေးမှုခန်းမ
အမှတ်(၁)ရဲစခန်း၊ စခန်းမှူးက အဆိုပါယာဉ်နှင့်စပ်လျဉ်း၍ ဥပဒေအတိုင်း တရားစွဲဆိုသွားမည်ဟု ပြောသည်။ KNU/KNLA အဖွဲ့ သွားရောက်ခဲ့သည့် ပြည်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူး ဦးမြင့်ဦးက “မြို့နယ်မှူး အစည်းအဝေးလုပ်နေလို့ မတွေ့လိုက်ရဘူး”ဟု မဇ္ဈိမကို ပြောသည်။
ဇွန် ၁၇ ရက်တစ်ရက်တည်း၌ပင် DKBA ကလို့ထူးဘောစစ်ဌာနချုပ် တံဆိပ်ပါ MARK II ခဲဖြူရောင် တစ်စီး သိမ်းဆည်းထားသေးသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
Mizzima
No comments:
Post a Comment