Wednesday, September 03, 2014

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် အင်အား (၁၀၀)ကျော်ဖြင့် ခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်မည်

Wednesday, Setember 03, 2014

နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချူပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် အတွက် ခင်ဦးမြို့တွင် ယခုလ(၇) ရက်နေ့၌ နိုင်/ကျဉ်း အဖွဲ့သားများ ဦးဆောင်ကာ ဒေသခံ (၁၀၀) ကျော်ဖြင့် ဆန္ဒထုတ်ဖော် တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲကို နံနက်(၈) နာရီမှ နေ့လယ်(၁၂) နာရီအထိ မြို့တွင်း နိုင်/ကျဉ်း ရုံးမှ စတင်ကာ မြကန်သာ အရှေ့ပိုင်း၊ လမ်းမတော်၊ ထွေ/အုပ်ရုံးလမ်း၊ အောင်မင်္ဂလာလမ်း၊ စာတိုက်လမ်းမှ တစ်ဆင့် နိုင်/ကျဉ်း ရုံးအထိ လမ်းလျှောက် ချီတက် ပြုလုပ်သွားမည်ဖြစ်ပြီး တောင်းဆိုချက် နှစ်ခု တောင်းဆို သွားမည် ဖြစ်ကြောင်း သိရသည်။

 ““ဒီမိုကရေစီ ပြုပြင် ပြောင်းလဲတယ် ဆိုရင်တော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တာတောင် အခုချိန်ထိ အတွေ့မခံဘူး။ ပြုပြင် ပြောင်းလဲရေးကို ဟန်ပြ လုပ်ဆောင် နေလို့ အခုလို မတွေ့ရဲတာလို့ ယူဆပါတယ်။ တကယ် ဒီမိုကရေစီ အသွင်ကူးပြောင်း နေတယ် ဆိုရင်တော့ လေးပွင့်ဆိုင် တွေ့ဆုံရဲရမှာပေါ့။ ဒါကြောင့် လေးပွင့်ဆိုင်တွေ့ဆုံဖို့နဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုသွား မှာပါ””ဟု ခင်ဦးမြို့နယ် နိုင်/ကျဉ်း အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက The Messenger Media သို့ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တောင်းဆိုမည့် အချက်များမှာ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနှင့် ပြည်သူ့ဆန္ဒ လွှတ်တော်မှ ဆောင်ရွက်ပေးရေးတို့ ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments: