Tuesday, September 09, 2014

မြို့တော်သစ်တွင် ရေထွက်ကုန် လက်ကားဈေးကွက် အကောင်အထည်ဖော်မည်ဟု ဦးကျော်ဆန်းပြော

Tuesday, September 09, 2014

 နိုင်ငံတော်သမ္မတမှ ဆန္ဒပြုခြင်းကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ပြည်တွင်း၊ ပြည်ပ သို့ ဖြန့် ဖြူးရောင်း ချမည့် ရေထွက်ကုန်လက်ကားဈေးကွက်ကို အကောင်အထည်ဖော် ဦးဆောင်လုပ်ကိုင်နေသည် ဟု သမ၀ါယမပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက    ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တွံတေးမြို့နယ်တွင် ပထမဆုံး အကောင်အထည်ဖော် မည့် ရေထွက်ကုန် လက်ကားဈေးကို လက်ရှိအချိန်တွင် သမ၀ါယမ၀န်ကြီးဌာနက ဦးဆောင်နေသော်လည်း နောက်ပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ကိုင်မည်ဟု ၀န်ကြီးကဆိုသည်။

‘‘အခုကအစမို့ပါ။ နောက်ပိုင်းဆိုရင် ဆိုင်ရာဝန်ကြီးတွေနဲ့ ပူးပေါင်းလုပ်ဖို့ စီစဉ်ထားပါတယ်’’ ဟု ပြည်ထောင် စုဝန်ကြီးဦးကျော် ဆန်းကပြောကြားသည်။

အကောင်အထည်ဖော်မည့် ရေထွက်ကုန်လက်ကားဈေးကွက်တွင် ဘဏ်များ၊အအေးခန်းစက်ရုံများ၊ ရဲစခန်း များ၊လူနေအိမ်များအပါအ၀င်စုပေါင်းထားရှိမည်ဖြစ်သည်။လက်ရှိအချိန်များတွင်စက်ရုံများတည်ဆောက်ရန်   မြေဧကငါးရာခန့်   အကြမ်းဖျင်း လျာထားကြောင်း   တွံတေးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ကပြောကြားသည်။

စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ယခင်မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဟောင်း ပြည် သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်း ကိုလည်း ဖိတ်ကြားခဲ့သည်။ ယင်းသို့ ဖိတ်ကြားခြင်းမှာ လွှတ်တော်ကို ယင်းစီမံကိန်းအား ခွင့်ပြုပေးရန်  အသိပေးခြင်းဟု ပြည်ထောင်စုဝန်ကြီး  ဦးကျော်ဆန်းကပြောကြားသည်။

လက်ရှိအစိုးရ၀န်ကြီးများအ နေဖြင့် စီမံကိန်းများလုပ်ကိုင်ရာတွင် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခု ရေလုပ်ငန်းလက် ကားဈေးကြီး ကို နိုင်ငံ တကာအဆင့်မီ တည်ဆောက်မည်ဖြစ်သည်။

ယင်းကဲ့သို့တည်ဆောက်ရာတွင် ကိုရီးယား၊ အိန္ဒိယနိုင်ငံများသို့ သွားရောက်လေ့လာခဲ့ကြောင်း  လက် ကား ဈေးတစ်ခု တည်ဆောက်ရာတွင် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်းတစ်ရာမှ တစ်ဘီ လီယံထိ ကုန်ကျသည့်ဈေးများရှိကြောင်း ဦးကျော်ဆန်းကပြော ကြားသည်။

ရေထွက်ကုန်ပြည်ပတင်ပို့မှုသည် ၂၀၁၅အာဆီယံစီးပွားရေး အသိုက်အ၀န်းအကောင်အထည်ဖော်လျှင် အရည်အသွေးထောက်ခံချက်များလိုအပ်သဖြင့် လက်ရှိအချိန်မှာပင် စနစ်တကျပြင်ဆင်ထားရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနှင်းဦးက    ပြောကြားသည်။

7 days

No comments: