Wednesday, January 28, 2015

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်


Wednesday, January 28, 2015

မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများ အ တွက် အင်တာနက်လျှောက်ထား ခ တစ်သောင်းကျပ်ကို ပယ်ဖျက် ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။


‘‘အင်တာနက်မရှိသေးတဲ့ လူတွေရော အခုမှ ဆင်းမ်ကတ် ၀ယ်ပြီး သုံးတဲ့သူတွေ အားလုံးပါ အင်တာနက် အသုံးပြုချင်တယ်ဆိုရင် SMS ပေးပို့ပြီးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားခပေးစရာမလိုပါဘူး’’ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MECTELမှ တာဝန်ခံတစ်ဦးက ပြောသည်။

MECTEL ဆင်းမ်ကတ်အ သုံးပြုသူများအနေဖြင့် အင်တာ နက်လျှောက်ထားရာတွင် အဆင် ပြေပါက Call Center နံပါတ် 3456 သို့ အခမဲ့ခေါ်ဆို၍ သိရှိလို သည်များကို မေးမြန်းနိုင်ပြီး 1212 Call Centre တွင်လည်း စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

MECTEL သည် ၎င်းတို့၏ မို ဘိုင်းဖုန်းအသုံးပြုသူများအတွက် ဇန်န၀ါရီ ၁၅ ရက်မှစ၍ ယခင် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချလိုက်ပေး ခြင်း၊ အင်တာနက်အသုံးပြုရန် ငွေတစ်သောင်းကျပ်ပေး၍ လျှောက်ထားရန်မ လိုတော့ခြင်းနှင့် ယခင်ကတ်ပျောက်၊ ကတ်ပျက်များပြန်လျှောက်ရာတွင် ငွေနှစ်သောင်း ကျပ်ကောက်ခံနေရာမှ ၁,၅၀၀ ကျပ်သို့ ပြောင်းလဲပေးခြင်းများ ဆောင်ရွက်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments: