Saturday, June 16, 2012

ရိုဟင်ဂျာ ကို မြန်မာ တိုင်းရင်းသား အဖြစ် လက်မခံကြောင်း ဒေါ်စုမပြောခဲ့


ဟုတ်ကဲ့ရှင့် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသား အဖြစ် ဒေါ်စုအနေနဲ့ လက်ခံပါသလား ?????????
(101st Session of ILO @Geneva, 14 June 2012.)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား သတင်းထောက်များက အခုလို မေးလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကတော့ ရိုဟင်ဂျာကို မြန်မာ တိုင်းရင်းသား မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူးပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဆိုသူများကလည်း ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အဖြစ် လက်မခံကြောင်း ပြင်းပြင်းထန်ထန် ပြောခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြတ်ပြတ်သားသား မငြင်းဆိုခဲ့ပဲ ဟုတ်သလိုလိုနဲ့ ပဲ အဖြေကို မလိမ့်တပတ် ဖြေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ က မြန်မာတိုင်းရင်းသား (အထူးသဖြင့်) ရခိုင် တိုင်းရင်းသားများက အကြီးအကျယ် မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံး စကားတစ်ခုမှာ "ပွင့်လင်း မြင်သာ ရမယ်" ဆိုတဲ့ စကားလုံး ဖြစ်ပြီး။ သူမပြောတဲ့ စကားအတိုင်း သူမကိုယ်တိုင် တိတိကျကျ မလိုက်နာနိုင်ပဲ ပွင့်ပွင့်လင်းလင်း ရိုးရိုး သားသားနဲ့ ရိုဟင်ဂျာ က မြန်မာ တိုင်းရင်းသား ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ် ဘူး လို့ မဖြေခဲ့တာကြောင့် တရားဝင် နိုင်ငံရေးပါတီ ဝင်အများအပြားနဲ့ ဝါရင့်နိုင်ငံရေး သမားများကလည်း စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။

ရိုဟင်ဂျာအား

၁။ နိုင်ငံတော် အစိုးရက တိုင်းရင်းသားအဖြစ် လက်မခံကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။
၂။ပြည်သူတွေ အကုန်လုံးကလည်း တိုင်းရင်းသားအဖြစ် လက်မခံနိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
၃။ စစ်တပ်ကလည်း တိုင်းရင်းသား အဖြစ် လက်မခံနိုင်ကြောင်း မြင်သာအောင်ပြခဲ့ပြီး ဖြစ်ပါတယ်။။
၎။ ၈၈ မျိုးဆက် ခေါင်းဆောင်တွေကလည်း တိုင်းရင်းသားအဖြစ် လက်မခံကြောင်း ဖွင့်ဟ ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။
၅။ သမိုင်းဆရာများကလည်း တိုင်းရင်းသားအဖြစ် လက်မခံကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
၆။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဘူးလို့ အခုထိ မပြောသေးပါဘူး။

http://www.myanmarexpress.net/2012/06/blog-post_9263.html မှကူးယူဖော်ပြသည်။

No comments: