Saturday, June 16, 2012

ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ဘင်္ဂလီမူဆလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မခံနိုင်ကြောင်းငြင်းဆို



ရခိုင်ပြည် မောင်တောမြို့ က အကြမ်းဖက်မှူများ ဆက်တိုက်ဖြစ်ပေါ်လာခြင်း နောက်ပိုင်းတွင် မြန်မာအစိုးရက (၁၄၄)ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသည့်အတွက် အဆိုပါ အကြမ်းဖက်မှုများတွင် ပါဝင်သော ဘာသာရေး အစွန်းရောက် စစ်သွေးကြွ ဘင်္ဂလီမူဆလင်ခေါင်းဆောင်အချို့နှင့်နောက်လိုက်နောက်ပါများ တဖွဲ့ပြီးတဖွဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ (BGP)က လေးဝတီကို ခုလိုပြောသွားပါတယ်။
‘’လွန်ခဲ့တဲ့ (၁၁)ရက်နေ့ညကတည်းက ကျွန်တော်တို့နယ်ခြားစောင့်တပ်တွေ မောင်တောဖက်က ကူးလာတဲ့ မော်တော်ဘုတ်နှစ်စီးကို ဖမ်းဆီးလိုက်ပါတယ်။ ဘုတ်ပေါ်မှာ အမျိုးသမီးတွေနဲ့ ခလေးတွေအများကြီး ပါလာပြီးတော့ ဒါဏ်ရာရလာတဲ့ လူနာသုံးယောက်လည်း ပါပါတယ်။ နောက်ထပ်ဘုတ် (၈)စီး စုစုပေါင်းလူ(၁၁၀) ပေးမ၀င်ပဲ ပြန်လွှတ်လိုက်ပါတယ်။ ဘင်္ဂလားပင်လယ်ပြင်မှာ ခန့်မှန်းခြေလူ(၃၀၀)ယောက် ရှိနေတယ်လို့ ပြောသွားပါတယ်။ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အမျိုးသမီး ရှာဟာရာခါတုမ်က တီဗွီသတင်းမှာ(၁၁.၆.၂၀၁၂)နေ့က အကြမ်းဖက် သမားတွေကို ဘင်္ဂလားဒေ့ရှ်က လုံးဝလက်မခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက်(UNHCR)က ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံက ဝင်ရောက်လာတဲ့ လူတွေကို ဒုက္ခသည်အဖြစ် လက်ခံဖို့ ဘင်္ဂလားအစိုးရနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ ရှိကြောင်းပြောဆိုသွားပါတယ်။

ယင်းအဆိုနဲ့ပတ်သက်လို့ သတင်းထောက်များက နိုင်ငံခြားရေးဝန်ကြီး အမျိုးသမီး ဒေါက်တာ ဒီပူမိုနီကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတဲ့အခါ ကျွန်မတို့က မြန်မာနိုင်ငံက ရောက်လာတဲ့ အကြမ်းဖက်သမားတွေကို လုံးဝလက်မခံနိုင်ကြောင်း (UNHCR)က ကျွန်မတို့ဝန်ကြီးရုံးကို မြန်မာအရေးနဲ့ပတ်သက်လို့ တရားဝင်ကမ်းလှမ်းတာ ဒီနေ့ထိ မရှိသေးကြောင်း ဘင်္ဂလား-မြန်မာ နယ်စပ်မှာ လုံခြုံရေးကို အထူးသတိပေးပြီး အထပ်ထပ်တိုးမြှင့်ချထားကြောင်း အဆိုပါမြန်မာပြဿနာကို မြန်မာအစိုးရသစ်က လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်မိပါကြောင်း လာမယ့် (၁၅)ရက်နေ့(UNHCR)နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ ဆွေးနွေးဖို့ ကိစ္စဟာ ဒီပြဿနာနဲ့မသက်ဆိုင်ပဲ တခြားကိစ္စဖြစ်ကြောင်း’’ပြောကြားခဲ့ပါတယ်။
ဖလောင်းချိတ်နဲ့တက္ကနာ အကြားက ရခိုင်ရွာတွေဖြစ်တဲ့ ကယုချောင်း၊မြစ်နားရွာ၊နီလာ၊ခြံချောင်းနဲ့ မြန်မာမူဆလင်ဒုက္ခသည် စခန်းတွေကိုလည်း လုံခြုံရေး ထူထပ်စွာချထားကြောင်း တီဗီသတင်းတွေမှာ ထုတ်လွှင့်ပြသနေပါတယ်။

စစ်တကောင်း တောင်တန်းဒေသမှာ နည်မျိုးစုံနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက မူဆလင် ဒုက္ခသည်တွေကို လမားမြို့ နယ်က(၅၀) ရွာတော်မြို့ တည်းခိုရိပ်သာတွေနဲ့ မသင်္ကာတဲ့ နေရာတွေမှာ လိုက်လံဖမ်းဆီးနေတယ်လို့ လူအခွင့်အရေး အဖွဲ့ တောင်တန်းနယ်ဆိုင်ရာတာဝန်ခံ ကိုမောင်သိန်းက လေးဝတီကိုပြောသွားပါတယ်။

‘’မောင်တောက ဆူပူအုံကြွမှုဖြစ်စဉ်တွေကို ကြားကတည်းက အစိုးရက လိုက်ဖမ်းနေပါတယ်”ပြည်ထဲရေးဝန်ကြီးက အထူးအမိန့်ထုတ်ပြန်ထားတဲ့အတွက် ဒီနေ့ရွာတော်မြို့ ကတည်းခိုရိပ်သာကဖမ်းမိတဲ့ တယောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တရားဝင် (ID)ကတ်နဲ့ မိသားစုဝင်တွေက ရဲစခန်းလိုက်လို့ ပြတာတောင် မလွှတ်ပေးဘူး။သတင်းစာတွေမှာလည်း မူဆလင်ဒုက္ခသည် စခန်းတွေမှာ နေခဲ့တဲ့ လူတွေဟာအမြဲတမ်း အကြမ်းဖက်မှူ မူးယစ်ဆေးဝါး(စိတ်ကြွဆေး) ရောင်းဝယ်ဖောက်ကားမှု၊ဓမြတိုက်မှု၊ မုဒိန်းမှု၊လူသတ်မှု လက်နက်မှောင်ခိုမှုစတဲ့ ဒုစရိုက်သမားတွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲမှတ်တမ်းများအရ သိရှိရတဲ့အတွက် လိုက်လံဖမ်းဆီးနေခြင်းဖြစ်တယ်” လို့ပြောပြသွားပါတယ်။

ဒါကာမြို့ ကသတင်းစာရှင်းလင်းပွဲတခုမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မော်ကွန်းဝင် ဂုဏ်ပြုခံသူများအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက’’ကျွန်တော်တို့က ဘာသာချင်း ကိုးကွယ်မှုတူပေမယ့် မြန်မာဖက်ကလာတဲ့ ဒီလူတွေကို လက်ခံလိုက်ရင် ပြန်နှင်ထုတ်လို့မရတဲ့အတွက် လုံးဝလက်မခံနိုင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားသတင်းစာတွေနဲ့ တီဗီသတင်းတွေမှာ သတင်းဖက်လိုက်ရေးသားမှုတွေ အပြန်အလှန်ရှိနေတဲ့အတွက် ဒီနေ့မွန်းလွဲပိုင်းက ကုမ္မိလာက မူဆလင်ဘာသာရေး အုပ်စုတစ်စုက ရခိုင်ပြည်ကိစ္စနဲ့ပတ်သက်လို့ ရိုဟင်ဂျာမူဆလင်များဖက်မှ ထောက်ခံတဲ့ အသံတိတ်ဆန္ဒပြမှု ပြုလုပ်နေတာကို တီဗီသတင်းတွေမှာ ဖေါ်ပြသွားကြောင်းသိရှိရပါတယ်။
 
http://www.myanmarexpress.net/2012/06/blog-post_6643.html မှကူးယူဖော်ပြသည်။

No comments: