Saturday, June 09, 2012

KIA အဖွဲ့ နဲ့ အစိုးရအဖွဲ့မှကိုယ်စားလှယ်များ လိုင်ဇာဟိုတယ်တွင် ငြိမ်းချမ်းရေးဆွေးနွေး

ဇွန် ၈ ရက်
          KIA ဌာနချုပ်ရှိ လိုင်ဇာဟိုတယ်မှာ KIO မှအတွင်းရေးမှု ဒေါက်တာလဂျာနဲ့ အစိုးရအဖွဲ့ မှကိုယ်စားလှယ်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မနေ့ မနက် ၇နာရီလောက်မှ ၈နာရီခွဲလောက် အထိ ပြုလုပ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ လိုင်ဇာမှရပ်မိရပ်ဖများတွေပါ ၎င်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး KIA နဲ့ ကချင်ရပ်မိရပ်ဖ ၄၅ ဦးတက်ရောက်ခဲ့ပါတယ်။ KIA ဘက်မှ စစ်ဘက် ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ် အက်စ်ဂွမ်မော်ပါတက်ရောက်ခဲ့ပါတယ်။
          ဒေါက်တာလဂျာက အစိုးရအဖွဲ့ နဲ့ ငြိမ်းချမ်းရေးကို ၂ကြိမ်ပြုလုပ်ခဲ့တယ် နောက်ထပ် ဆွေးနွေးဖို့ အတွက်ဆောင်ရွက်မှုတွေဆွေးနွေးခဲ့ကြပါတယ်။ KIA ဘက်က ၂ဖက်စစ်တပ်တွေကို ရုပ်သိမ်းဖို့နဲ့   နိုင်ငံရေး အရဆွေးနွေးရန်အတွက်တောင်းဆိုခဲ့ပါတယ်။ အခုဆွေးနွေးမှုတွေကို အတည်ပြုဖို့အတွက် ထပ်မံ အမြန်ဆုံးဆွေးနွေးရန် အမြန်ဆုံးလုပ်ရန်ပြောကြားခဲ့ပေမယ့် ဘယ်နေ့ ဘယ်ရက်ကို ထပ်မံဆွေးနွေးမယ် ဆိုတာတော့ အတိအကျမသတ်မှတ်ခဲ့ပါဘူး။ အခုဆွေးနွေးပွဲမှ ၂ဖက်လုံးက စစ်ဘက်တာဝန်ရှိသူများပါ   ဆွေးနွေးပွဲမှာ ပါဝင်လာခဲ့တဲ့အတွက် အမြန်ဆုံး     ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့   ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။

        KIA ဒုစစ်ဦးချုပ်ဗိုလ်ချုပ် အက်စ်ဂွမ်မော်ကလည်း အရင်က ဆွေးနွေးပွဲပြုလုပ်နေပေမယ့် စစ်ဘက်နဲ့ နယ်ဘက်က ပေါင်းစပ်မှုမရှိတဲ့အတွက် အောင်မြင်မှုမရခဲ့ရတာဖြစ်ပါတယ်။ အခုအခြေအနေမှ ၂ဖက်လုံးက စစ်ဘက်အရပ်ဘက် ပါဝင်ခဲ့တဲ့အတွက် အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိမယ်လို့မျှော်မှန်း ပါတယ်။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကျရင် တကယ်တမ်းရှေ့တန်းကျကျ တိုက်ပွဲဝင်နေတဲ့ သူတွေပါ   ဆွေးနွေးရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြုလုပ်နေပြီး ကချင်ပြည်သူတွေကိုပါတက်ခိုင်းပြီးပြုလုပ်စေချင်ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးရအောင်   ဆောင်ရွက်မှာ   ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ လိုင်ဇာမြိုခံ ဦးလအောင်က အခုလို KIA/ KIO တာဝန်ရှိသူတေက အခုလို ပြည်သူတွေဆန္ဒအတိုင်း လုပ်ဆောင်ပေးတဲ့ အတွက်   ကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။
 အခုလို ပြည်သူကိုပါပါဝင်ပြီးဆွေးနွေးမှုပြုလုပ်တဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိ နိုင်တော့မှာ   ဖြစ်ပါဖြစ်ပါတယ်။ KIA ကလည်း ၁၉၉၂ ခုနှစ်တုန်းက လိုငြိမ်းချမ်းရေးလိုမျိုးမလုပ်ဖို့ ပွင့်လင်းပြီး ရိုးသားတဲ့ ထာဝရငြိမ်းချမ်းရေးဖြစ်အောင်လုပ်ဆောင်ကြပါလို့ရမှာဖြစ်ပါတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လိုင်ဇာမြို့ခံတစ်ဦးမှ KDN သတင်းဌာနသို့ mail ဖြင့်သတင်းပေး ပို့ထားပါတယ်။
 
http://kachindailynews.blogspot.com/2012/06/kia_7956.html မှကူးယူဖော်ပြသည်။

No comments: