Saturday, June 09, 2012

ဒုက္ခသည်များကို ဓားစားခံအဖြစ်အသုံးချမည့် KIA

ဇွန်၈ ရက်
          ဇွန်လ ၂ရက်နေ့က KIC ဒုဥက္ကဌ ဦးအင်ဘန်လ မှ ဦးဒွဲပီဆာအား ဒုက္ခသည်များအား KIA အတွက်အသုံးချပြီးအစိုးရအား ဆန္ဒပြဖို့အတွက် လှုံဆောင်ရန် အတွက် လိုင်ဇာမှာရှိတဲ့ ရှိန်ရှင်း ဟိုတယ်မှာပြောကြားခဲ့တယ်လို့သိရပါတယ်။ မြန်မာပြည်အောက်ပိုင်းမှာ အစိုးရကိုလူထုက အကြောင်း အမျိုးမျိုးနဲ့ဆန္ဒပြနေတဲ့အတွက်KIA ရဲ့ လိုလားချက်ကို ဒုက္ခသည်များအား ဆန္ဒပြ တောင်းဆိုရန်အတွက် အစီအစဉ်ပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွက် ဒုက္ခသည်စခန်း တစ်ခုစီတွေ မှာ KIA မှတပ်ဖွဲ့ဝင် ၅ ဦးလောက်ထည့်သွင်းပြီး ဆန္ဒပြရန် စည်းရုံးလှုံဆော်မှုတွေ လုပ်ခိုင်းမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဆန္ဒပြမယ့် အစီအစဉ်ကိုသေချာရေးဆွဲပြီး အစိုးရကို သိက္ခာ ကျဆင်းအောင် နိုင်ငံတကာမှ အထင်အမြင်   သေးအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။

       KIA မှ ဒုက္ခသည်တွေကို အသုံးချပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်စတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြခိုင်းမယ် ဆူပူမှုဖြစ်အောင် ဒုက္ခသည်တွေကြား မှာ ထည့်သွင်းထားတဲ့ KIA တပ်ဖွဲ့ဝင်တွေက ဦးဆောင်ပြီး ရှေ့ဆုံးမှတောင်းဆိုမှုတွေကို ပြုလုပ်ပြီး စစ်တပ်ကဘဲဖြစ်ဖြစ် ရဲကဘဲဖြစ်ဖြစ် ၀င်ရောက်ထိန်းသိမ်းလို့ ပစ်ခတ်မှုတွေဖြစ်ရင် အစိုးရက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင် တယ်ဆိုပြီး နိုင်ငံတကာကို တင်ပြပြီးပြုလုပ်ဖို့အတွက် ဒုက္ခသည်တွေကို အသုံးချပြီး KIA အဖွဲ့ရဲ့ လုပ်ရပ်တွေအတွက် ဖုံးကွယ်ဖို့ သတင်းအမှားပြုလုပ်ဖို့ media နဲ့ ဟန်ချက် ညီညီလုပ်ဆောင်ဖို့ အတွက် အသေးစိတ်ညွှန်ကြားခဲ့တယ်လို့ ရှိန်ရှင်း ဟိုတယ်မှ စားပွဲထိုးတစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား mail  ဖြင့်ဆက်သွယ်ပြောဆိုခဲ့ ပါတယ်။

http://kachindailynews.blogspot.com/2012/06/kia_08.html မှကူးယူဖော်ပြသည်။

No comments: