ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ
ပော ဆိုကြရာတွင် မြန်မာပြည်၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာ အမည်ခံယူထားသည့် မူဆလင်များအား မြန်မာ တို့က ရက်စက်စွာ သတ်ဖြတ်ဖျောက်ဖျက်နေသည်ဟု စွပ်စွဲချက်များ၊ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်လာ သည်။ အီရန်နိုင်ငံက ကုလသမဂ္ဂတပ်များ ၀င်ရောက်ပေးပါဟု ပြောဆိုသည်အထိ ဖြစ်လာသည်။
အတိတ်ကာလတလျောက်ကို ပြန်ကြည့်လျင် ကမ္ဘာနိုင်ငံအသီးသီးသည် မြန်မာပြည်တွင်းရှိ တိုင်းရင်း သား နယ်စပ်ဒေသ ပြည်တွင်းစစ်များ၊ အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ် အကြမ်းဖက် ဖမ်းဆီး အကျဉ်းချနေမှုများ၊ ၂၀၀၇ ရွှေဝါေ၇ာင်သံဃာတော်များ သတ်ဖြတ်နှိမ်နှင်းခံရခြင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်း လူပေါင်းများစွာ သေဆုံး ဘေးဒုက္ခကပ်ဆိုက်ခြင်း စသည့် အရေးအခင်း ဘေးအန္တရယ် အသီးသီး ဖြစ်ပျက် ရင်ဆိုင်ခဲ့ရစဉ်က အထက်ပါ အရေးကိစ္စကဲ့သို့ မည်သည့်နိုင်ငံကမျှ အထူးတလည်အားဖြင့် ကုလသမဂ္ဂ
ငြိမ်းချမ်းရေး တပ်ဖွဲ့များ ၀င်ရောက်ကယ်တင်ရန် ကုလအတွင်းရေးမှူးအား တိုက်တွန်းခဲ့သည့် သတင်းကြား သိခဲ့ရခြင်း မရှိပေ။ ယခုကဲ့သို့ ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီလူမျိုးစုတို့၏ အရေးကိစ္စမှာ မြန်မာပြည်တွင်း သာမက ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများ၊ ဘာသာရေးအဖွဲ့အစည်းများအတွက် စိတ်ဝင်စားစရာ ဖြစ် လာသည်မှာ ထပ်မံ၍ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်တွင်းက
သမိုင်းကော်မရှင်အဖွဲ့မှ ဦးမြင့်သိန်း၏ သမိုင်းသုတေသနစာတမ်း၊
လက်ရှိအရေးအခင်းအပေါ် ရခိုင်ပြည်နယ် အမတ်တဦးဖြစ်သူ ကပ္ဗတိန်သာစိန်၏ စာတမ်း၊
မျက်မှောက် ရခိုင်ပညာရှင်များ၏ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်
တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေး အကြံပြုတင်ပြချက်
စာတမ်း ၃ စောင်ကို မိုးမခက အများပြည်သူတို့ လေ့လာဖတ်ရှုနိုင်ရန် စုစည်း တင်ပြလိုက်ပါသည်။
Ya Khain Sar Tan - Report on Rakhine
Speech by Captain Thar Sein at Burmese Parliament on Rohingya's threat
Rakhine Paper on Rohingya Conspiracy 2012 and the past
သတင်း
Moe Ma Ka
MONDAY, JULY 23, 2012

No comments:
Post a Comment