Monday, July 23, 2012

တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိလာသော ခြိမ်းခြောက်မှုများ

googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးရဲ့ UNHCR မဟာမင်းကြီး နဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန် တိုက် ခိုက်နေကြတဲ့ သတင်းတွေ၊ သမ္မတကြီး ရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ နိုင်ငံတော် အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့ သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။

အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်း မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော် သမ္မတကြီး ကို ဝေဖန် တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင် ပါတယ်။ ဒါပေမယ့် နောက်ကွယ် က အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ် ထင်ပါတယ်။

ဒါဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ပြည်တွင်း မှာ တရားဝင်နေထိုင်လာခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆိုင်ပါဘူး။ ပြောရရင် ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသားတွေဟာ မေတ္တာတရားရဲ့ အရိပ်အာဝါသ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးတမ်းရဲ့ အဆုံးအမတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့ အစည်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ကို  အာမခံထားသလို ကျွန်တော်တို့ မြေမှာ စေတီ ပုထိုးကျောင်းကန်တွေသာ မက ချာ့ခ်ကျောင်းတွေ၊ ပလီတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်ပြီးသမျှတွေကိုရှုမြင်ရာမှာဘာသာ
ရေး လို့ မမြင်ကြ ပါဘူး။ ကျွန်တော်တို့မှာ ခွဲခြားမြင်နိုင်တဲ့ အသိတရား၊ ဘာသာတရားရဲ့ အဆုံးအမတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံကို ရာဇ၀င်လူဆိုး နိုင်ငံကြီး ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ အကွက်ကျကျ လုပ်ကြံလာကြတာဟာ အခုဆိုရင် ပိုပိုပြီး ဆိုးရွားလာနေတာကို အားလုံး တွေ့ကြရပါ လိမ့်မယ်။ ကျွန်တော်တို့ဟာ နိုင်ငံကြီးသား ပီသစွာ၊ ယဉ်ကျေးတဲ့ လူကအဖွဲ့အစည်း ပီသစွာ ၀ါးလုံးရှည်နဲ့ ဆွဲယမ်းပြီး သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ဒီလို ထိန်းထိန်းသိမ်းသိမ်း အမြော်အမြင် ရှိရှိ ကျင့်ကြံနေ တာ ကို အခွင့်ကောင်းယူပြီး မိုက်မိုက်ရိုင်းရိုင်း တွေ ကမ်းကုန်အောင် လုပ်လာတာကို စဉ်းစားကြည့်ရင် လူမိုက်နဲ့ လူလိမ္မာ တို့ရဲ့ ရန်ပွဲ တစ်ခုကို ကြည့်နေရသလို ဖြစ်လာတာ တွေ့ရှိရပါတယ်။

နိုင်ငံတော် သမ္မတကြီးရဲ့ ပြောကြားချက် က ရှင်းရှင်းလေးပါ။ (တရားဝင် ဒီမြေ ဒီရေမှာ နေထိုင်လာခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်တွေ မပါပါဘူး) "ခိုးဝင် လာတဲ့ ရိုဟင်ဂျာတွေ" လို့ တိတိကျကျ ပြော ထားတာ ဖြစ်ပါတယ်။ ခိုးဝင် လာတယ် ဆိုမှတော့ ရှင်းနေပြီပဲ။ ဒါကိုပဲ သတင်း အချက်အလက် အမျိုးမျိုး ဖန်တီး လုပ်ကြံပြီး နိုင်ငံတကာက လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို အသုံးချ၊ မီဒီယာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေကြ တာ ဖြစ်ပါတယ်။

တစ်ဘက်က ကြည့်ရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား ပြောထားခဲ့ပြီးတဲ့နောက်မှာ ကျန်ရှိသော (မီဒီယာများနှင့် ၀င်ဆန့်သော၊ မီဒီယာများ အပေါ်မှာ လွှမ်းမိုးမှု အတန်အသင့်ရှိကြကုန်သော) ပုဂ္ဂိုလ်ကြီင်္းများ၊ အဖွဲ့အစည်းများ အနေနဲ့ ဒီသဘော အတိုင်း ရပ်တည်ပြဖို့ လိုပါတယ်။

နောက်တစ်ဘက်က တွေးကြည့်ရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီလို ပြတ်သားရှင်းလင်းတဲ့ သဘောထား ကို ထုတ်ဖော်လိုက်ခြင်းအတွက် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေကြုံတွေ့
လာနိုင်တယ် ဆိုတာကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သိရှိ ထားပါလျက်နဲ့ ယခုလို ထုတ်ဖော်ပြော
ကြားလိုက်ခြင်း ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ရင်ထဲ နှလုံးသားထဲက ခံစားချက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ မြင်အောင် ကြည့်စေချင်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ပီသစွာ ကျွန်တော်တို့ ရှေ့ မှာ မားမား မတ်မတ် ရပ်တည်ပြနေပါပြီ။ Follow Me လို့ မပြောရုံ တမယ်ပါပဲ။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ နှုတ်က ပြောမှာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်နဲ့ ဦးဆောင်ပြမယ့် သဘောလို့ မှတ်ယူမိပါတယ်။

နိုင်ငံတော်သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦး၏ Facebook စာမျက်နှာမှကူးယူဖော်ပြသည်။

သတင်း
News of Myanmar
MONDAY,  JULY 23, 2012

No comments: