အယ်န်အယ်လ်ဒီဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ယင်းနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်ရေးမေးခွန်းများကို
မေးမြန်းခြင်း မပြုကြရန် မီဒီယာများ သို့ပြောကြားလိုက်သည်။ ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင် အယ်န်အယ်ဒီရုံးချုပ်တွင်ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

'ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့
ဖြေထမရှိပါဘူး'' ဟု ယင်းက ဆိုသည်။အဆိုပါ ဥရောပခရီးစဉ်နှင့် ပတ်သက်သည့်
သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက်
ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့်
မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့်
မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။ ၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီးသတင်း ထောက်တစ်
ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာ ထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှ ထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။''ဟု ပြန်လည် ဖြေကြားသည်။
ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြား သည်။

No comments:
Post a Comment