Thursday, August 09, 2012

အမေရိကန်ရောက် ရွှေည၀ါ ဆရာတော်၏ အစွန်းရောက် အလွဲအမှားများ


ရွှေည၀ါအမည်ဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသူသည် ကာလီဖိုးနီးယားပြည်နယ်၊ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်းမှာ ပထမဦးဆုံး အမေရိကန်ပြည်ပွဲဦးထွက် တရားပွဲကို (ဇူလိုင် ၂၉၊ ၂၀၁၂)ေ န့ တွင် ၊ ဟော ခဲ့ပါသည်။ ၄င်းတရားပွဲတွင် ရွှေည၀ါ အမည်ခံသူသည် သူ့  စကားကို သူကိုယ်တိုင် ဆန့် ကျင်သော ဟောပြော မှု များကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာကိုလည်း တိုက်ခိုက်ပြော ဆိုခဲ့ပါ သည်။

ရွှေည၀ါ အမည်ခံယူထားသူသည် မြန်မာတို့ ၏ အမျိုး၊ဘာသာ၊သာသနာကို ချစ်မြတ်နိုးသယောင် ပြော ဆိုနေသော်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ အား နှိမ်ချ ပြောဆိုခြင်းများကို အဆင်ခြင်ကင်းမဲ့စွာ ပြောဆို
ခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့  ပထမအကြိမ် ရောက်လာခဲ့သည့် ရွှေည၀ါအမည်ခံသူသည် အမေရိကန်နိုင်ငံ အကြောင်းကို စနစ်တကျ မလေ့လာဘဲ လူနှင့် ခွေးကို နှိင်းယှဉ်၍ မြန်မာနိုင်ငံမှ လူနှင့် အမေရိကန်နိုင်ငံမှ ခွေး တို့ ၏ ဘ၀ အဆင့်အတန်းများ ကွာခြားပုံကို အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။

"စဉ်းစားကြည့်တယ်၊ ကိုယ့်တိုင်းပြည် (မြန်မာပြည်) က လူထက်တောင် ဒီတိုင်းပြည် (အမေရိကန် နိုင်ငံ) က ခွေးဖြစ်ရတာ တော်တော် တန်သေးလို့  အောက်မေ့ရတယ်"

ကိုးကားဖော်ပြလိုက်သည့် အထက်ပါ စကားရပ်များသည် ရွှေည၀ါ အမည်ခံသူ နှတ်ဖျားက ပြောကြား ခဲ့သည့် စကားလုံးများဖြစ်ပါသည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်လှပါသည်ဆိုသည့် ထိုသူသည် ဤမျှလောက် အဆင်ခြင်တရား ကင်းမဲ့စွာ အဘယ့်ကြောင့် ပြောဆိုလိုက်ပါသနည်း။ အဖြေကတော့  ရှင်းပါသည်။ ၄င်းပုဂ္ဂိုလ် သည် ဘ၀နှင့် ဆန္ဒ တစ်ထပ်တည်းမကျတော့ဘဲ လွဲမှားသည့် အစွန်းရောက်တရားများ၊ အတွေးများကို ထွေး ပိုက်ထားမှုကြောင့် ရှေ့ နောက်မညီသည့် စကားများကို ပြောမိလျက်သားဖြစ်နေရပါသည်။

၎င်းပုဂ္ဂိုလ်သည် "ကျုပ်ဆုတောင်းကတော့ ပြောင်းရလိမ့်မယ်၊ နိဗ္ဗာန် မတောင်းဘူး၊ ကျုပ်က အကယ် ၍များ နောင်ဘ၀ လူဖြစ်လာခဲ့ရင် အမေရိကန်တို့ ၊ ဂျပန်တို့ မှာ လူဖြစ်ပါရစေ..." စသည်ဖြင့် ဆုတောင်းမည့် အကြောင်းများကို ပြောကြားပြန်ပါသည်။ ရွှေည၀ါ အမည်ခံသူသည် ရှင်၊ ရဟန်းဘ၀၏ မူလရည်ရွယ်ချက် ဖြစ် သော မဂ်-ဖိုလ်နိဗ္ဗာန်ရရေးကို ကျောခိုင်းပြီး၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ လူဖြစ်ရပါလိုကြောင်း ဆုတောင်းသူ ဖြစ်၏။ ထို့ ကြောင့်လည်း ဘ၀ နှင့် ဆန္ဒ တစ်ထပ်တည်းမကျတော့ပေ။

ခြုံ၍သုံးသပ်ရသော် ရွှေည၀ါအမည်ခံသူသည်....
၁) နိုင်ငံရပ်ခြား တိုင်းတစ်ပါ၏ လူမှု စီးပွား ဒုက္ခများအကြောင်းကို နားမလည်ခြင်း
၂) တိုင်းတစ်ပါးကို တစ်ဖက်သတ် အထင်ကြီးခြင်း
၃) မြန်မာအစိုးရအား အာဃာတတရားကြီးမားစွာဖြင့် ပုတ်ခတ် တိုက်ခိုက်ခြင်း
၎) မြန်မာနိုင်ငံရေး အစာမကြေသူ ဒုက္ခသည်နှင့်/ဒုက္ခ၀ယ်များထံမှ အလှူငွေမျှော်ခြင်း
၅) ပြောသမျှစကားများသည် ရှေ့ -နောက် လုံးဝ မညီညွတ်ခြင်း
၆) အရှေ့ ကိုလျှောက်-အနောက်ကို မျှော်၊ ရွှေပြည်တော် မျှော်တိုင်းဝေးနေသူဖြစ်ခြင်း
၇) ဘုန်းကြီးက ဘုန်းကြီးအလုပ်ကို မလုပ်တော့သည့် သူဖြစ်ခြင်း
အထက်ပါ အကြောင်းများကြောင့် ၄င်း ပြော/ဟောသည့် စကားများသည် အစွန်းရောက်ခြင်းနှင့် အလွဲ အမှားများသာ ဖြစ်ပါကြောင်း ခြုံ၍သုံးသပ်လိုက်ရပါသည်။

Myanmar Express

No comments: