Thursday, August 09, 2012

ရခိုင်ပြည်နယ်ဒေသခံပြည်သူများအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် မြရိပ်ညိုပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖောင်ဒေးရှင်းတို့က အလှူငွေများ ပေးအပ်


From : မြဝတီ

နေပြည်တော် သြဂုတ် ၇

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေအရပ်ရပ်ကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ စ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပြည်သူများ လတ်တလောရပ်တည်နိုင် ရေးအတွက်အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများနှင့် ဝတ်အထည်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနတွင် လာရောက်လှူဒါန်းလျက်ရှိကြရာ ရခိုင်ပြည်နယ် ဒေသခံပြည်သူများ အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၁၉ ဦး၏ နေ့တွက်စရိတ် သုံးရက်စာ အလှူငွေကျပ် ၆၅၄ဝဝဝဝနှင့် မြရိပ်ညိုပညာရေး၊ ကျန်းမာရေး၊ ဉ်ကျေးမှု ဖောင်ဒေးရှင်းက အလှူငွေကျပ် သိန်း ၁ဝဝ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ ကျင်းပသည်။

Myanmar Express

No comments: