Thursday, August 09, 2012

ပြည်တွင်းအခွန်များဦးစီးဌာန က အခွန်ငွေ တစ်ကြိမ်တည်းသာ ကျသင့်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် ပတ်သက်၍ဆွေးနွေး

from-Popular Myanmar News Journal
 
 ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန က အခွန်ငွေ တစ်ကြိမ်တည်းသာ ကျသင့်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် ပတ်သက်၍ သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရှင်းလင်းပွဲကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

နေပြည်တော်က မတ်လ ၁၅ ရက်ကထုတ်ပြန်ထားသော အမိန့်ကြေညာစာအမှတ် ၁၀၄/၂၀၁၂ ၏ အခန်း ၁၀ စည်းမျဉ်း ၄၂ အရ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

No comments: