စက်တင်ဘာလ အတွင်းထွက်ရှိ မည့် ‘ချစ်တယ်ဟုတ်’ VCD အခွေ ကာဗာ တွင်
ပရိသတ်များ၏ ရုပ်ပုံများ အသုံးပြုသွားရန် စီစဉ်နေကြောင်း ဘန်နီဖြိုး က
ပြောသည်။
”ပုံတွေ ပို့ထားတဲ့ ပရိသတ်တွေ တော်တော် များများရှိပါတယ်။
အခွေကို အကုန် ရိုက်ပြီးမှပဲ ကာဗာဒီဇိုင်း ကို ကိုယ်တိုင်ပြင်ဆင် မှာပါ”ဟု
၎င်း က ပြောသည်။ ဂီတ အစည်း အရုံးတွင် မဲပေးရန်နှင့် ပတ်သက်၍ မူ ၄င်းက
”လူငယ် ဂီတ တစ်ခု လုံးပေါ့။ ရော့ခ်ရော ပေါ့ပ်ရော ဟစ်ဟော့ပ်ရော ဘာခေါင်းစဉ်
မှ မတပ်ဘဲ ကျွန်တော် တို့ လူငယ် အားလုံး အတွက် ကိုယ် စားပြုပေးနိုင်ပြီး
အရာရာကို စဉ်းစဉ်းစားစားနဲ့ သေချာ ဆုံးဖြတ်နိုင်မယ့် သူကိုပဲ မဲပေးမှာပါ”
ဟု ဆိုသည်။ ၄င်းအပြင် ယခုအချိန် တွင် ဖေ့စ်ဘွတ် တချို့ စာမျက်နှာများ၌ ဂီတ
အမျိုးအစား များခွဲပြီးအချင်းချင်း တိုက်ခိုက်နေ ကြသည် ကိုလည်း
ဝင်ကြည့်မိကြောင်း ၄င်းက ပြောသည်။ ”ကျွန်တော်တို့ အကုန်လုံးက အပြင်မှာ
အတူတူ ပေါင်းသင်းနေတာပဲ။ အဲဒါ ကို အားလုံး ကိုလိုက်ပြီး
ရှင်းပြနေဖို့လည်းမလွယ်ဘူး။ ကျွန်တော်တို့ ဂီတ အမျိုးအစား အားလုံး အတူတူပဲ။
သူငယ်ချင်းတွေပေါင်း သင်းနေကြတာပဲ။ ကျွန်တော်တို့ တကယ် အနုပညာ ကို
လုပ်နေပြီး ဂီတ ချစ်တဲ့ သူတွေ အကုန် လုံးက အဲ လို ခေါင်းစဉ်တွေ ခွဲနေတာကို
မကြိုက်ကြပါဘူး။ အခုလို ဖေ့စ် ဘွတ်ေ ပါ် တွေ မှာ Page တွေနဲ့ ပရိသတ်တွေ
လုပ်ထားကြတာလည်း ပရိသတ်တွေ ရဲ့ယုံကြည်ချက် တစ်ခုပါပဲ။ အဲဒါ ကိုတော့
ဘာမှပြောစရာ အကြောင်း မရှိ ပါဘူး” ဟု ၄င်းက ထပ်လောင်းပြောသည်။
”ပုံတွေ ပို့ထားတဲ့ ပရိသတ်တွေ တော်တော် များများရှိပါတယ်။ အခွေကို အကုန် ရိုက်ပြီးမှပဲ ကာဗာဒီဇိုင်း ကို ကိုယ်တိုင်ပြင်ဆင် မှာပါ”ဟု ၄င်း က ပြောသည်။ ဂီတ အစည်း အရုံးတွင် မဲပေးရန်နှင့် ပတ်သက်၍ မူ ၄င်းက ”လူငယ် ဂီတ တစ်ခု လုံးပေါ့။ ရော့ခ်ရော ပေါ့ပ်ရော ဟစ်ဟော့ပ်ရော ဘာခေါင်းစဉ် မှ မတပ်ဘဲ ကျွန်တော် တို့ လူငယ် အားလုံး အတွက် ကိုယ် စားပြုပေးနိုင်ပြီး အရာရာကို စဉ်းစဉ်းစားစားနဲ့ သေချာ ဆုံးဖြတ်နိုင်မယ့် သူကိုပဲ မဲပေးမှာပါ” ဟု ဆိုသည်။ ၄င်းအပြင် ယခုအချိန် တွင် ဖေ့စ်ဘွတ် တချို့ စာမျက်နှာများ၌ ဂီတ အမျိုးအစား များခွဲပြီးအချင်းချင်း တိုက်ခိုက်နေ ကြသည် ကိုလည်း ဝင်ကြည့်မိကြောင်း ၄င်းက ပြောသည်။ ”ကျွန်တော်တို့ အကုန်လုံးက အပြင်မှာ အတူတူ ပေါင်းသင်းနေတာပဲ။ အဲဒါ ကို အားလုံး ကိုလိုက်ပြီး ရှင်းပြနေဖို့လည်းမလွယ်ဘူး။ ကျွန်တော်တို့ ဂီတ အမျိုးအစား အားလုံး အတူတူပဲ။ သူငယ်ချင်းတွေပေါင်း သင်းနေကြတာပဲ။ ကျွန်တော်တို့ တကယ် အနုပညာ ကို လုပ်နေပြီး ဂီတ ချစ်တဲ့ သူတွေ အကုန် လုံးက အဲ လို ခေါင်းစဉ်တွေ ခွဲနေတာကို မကြိုက်ကြပါဘူး။ အခုလို ဖေ့စ် ဘွတ်ေ ပါ် တွေ မှာ Page တွေနဲ့ ပရိသတ်တွေ လုပ်ထားကြတာလည်း ပရိသတ်တွေ ရဲ့ယုံကြည်ချက် တစ်ခုပါပဲ။ အဲဒါ ကိုတော့ ဘာမှပြောစရာ အကြောင်း မရှိ ပါဘူး” ဟု ၄င်းက ထပ်လောင်းပြောသည်။
No comments:
Post a Comment