သမ၀ါယမ ၀န်ကြီးဌာန၊ သမ၀ါယမ
အသင်းစုချုပ်မှ ယခု ဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ ခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်းမှာ
ရန်ကုန်တိုင်း ဒေသကြီးမှာ တည်ရှိနေတဲ့ သမ၀ါယမ အသင်း ၇၀ ကို မြန်မာ ကျပ်ငွေ
သန်းလေးထောင့် သုံးရာကျော် ထုတ်ချေး ပေးခဲ့ပြီး ဖြစ်တယ်လို့ သမ၀ါယမ
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ဒါ့အပြင် သမ၀ါယမ
ဝန်ကြီးဌာနမှ လုပ်ကိုင်နေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ
နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ ထဲမှာ သမ၀ါယမ အသင်း မဟုတ်တဲ့ အစုအဖွဲ့
များကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ အထိ
၁၈၄၄ ဖွဲ့ကို မြန်မာ ကျပ်ငွေ သန်းတစ်ထောင့် ခြောက်ရာကျော် ထုတ်ချေး
ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ထုတ်ချေးရာ မှာတော့ လယ်ယာ
စိုက်ပျိုး လုပ်ကိုင် နေသူများ၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင် နေသူများ၊
စက်မှုလက်မှု အသေးစား လုပ်ငန်းနဲ့ အခြေခံ လူတန်းစား များကို ထုတ်ချေးပေး
လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment