Wednesday, October 30, 2013

သြစီကိုကျောင်းလာတက်တဲ့ အိန္ဒိယ ကျောင်းသားဦးရေ လျော့နည်းလာ


Wednesday, 30 October 2013 

သြစတြေးလျနိုင်ငံမှာ ​ပညာသင်ယူနေတဲ့ ​အိန္ဒိယနိုင်ငံက ​ကျောင်းသားတချို့ ​တိုက်ခိုက်ခံရပြီးနောက် ​ခုအခါမှာ ​အိန္ဒိယနိုင်ငံကနေ ​သြစတြေးလျနိုင်ငံမှာ ​လာရောက်ပညာသင်ယူနေတဲ့ ​ကျောင်းသားဦးရေး ​သိသိသာသာ ​လျော့ကျနေပါတယ်။

ပြီးခဲ့တဲ့ ​ဘဏ္ဍာရေးနှစ်အတွင်း ​အိန္ဒိယနိုင်ငံက ​ကျောင်းသားအယောက်ပေါင်း ​၂၄၀၀၀ ​ကျော်သာ ​သြစတြေးလျနိုင်ငံမှာ ​ပညာသင်ယူနေပြီး ​ဒါဟာ ​ခါတိုင်းနှစ်နဲ့ ​ယှဉ်ရင် ​၂၆% ​လျော့နည်းလာတာ ​ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ​ကျောင်းသားတွေ ​သြစတြေးလျနိုင်ငံမှာ ​ပညာသင်ကြားဖို့ ​စိတ်ဝင်စားမှု ​နည်းလာပေမယ့် ​တရုတ်နိုင်ငံက ​ကျောင်းသားတွေ ​လာရောက်ပညာသင်ယူမှု ​များပြားနေပြီး ​တစ်နှစ်အတွင်း ​တရုတ်ကျောင်း
သား ​အယောက်ပေါင်း ​၅၄၀၀၀ ​ပညာသင်ယူကြနေတာ ​ဖြစ်ပါတယ်။

တရုတ်ကျောင်းသားဦးရေ ​၉% ​များပြားလာတာဖြစ်ပြီး ​ပြည်ပနိုင်ငံက ​ကျောင်းသားတွေ ​သြစတြေးလျ နိုင်ငံမှာ ​ပညာသင်ယူမှုက ​၂.၅% ​ပိုများလာတာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ​ပညာရေးအပေါ် ​ပြည်ပနိုင်ငံက ​ကျောင်းသားတွေ ​စိတ်ဝင်စားမှု ​များပြားတဲ့အတွက် ​ပညာရေးကဏ္ဍဟာ ​သြစတြေးလျအစိုးရအတွက် ​အများဆုံးဝင်ငွေရရှိအောင် ​လုပ်ဆောင်ပေးတဲ့ ​ကဏ္ဍ ထဲမှာ ​ပါဝင်ပြီး ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​၁၅.၃ ​ဘီလီယံ ​လောက်ရှိပါတယ်။

သြစတြေးလျနိုင်ငံကို ​ဝင်ငွေရအောင် ​အများဆုံး ​ဖန်တီးပေးတဲ့ ​တခြားကဏ္ဍတွေကတော့ ​မိုင်းတွင်းလုပ်ငန်း၊ ​ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ​စိုက်ပျိုးရေးလုပ်ငန်း ​နဲ့ ​ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့ ​ဖြစ်ကြပါတယ်။

ABC

No comments: