Wednesday, October 30, 2013

ကန်လုံခြုံရေး အကြီးအကဲကို ကွန်ကရက်က ခေါ်ယူစစ်ဆေး


Wednesday, 30 October 2013 

အမေရိကန် ​ပြည်ထောင်စုဟာ ​မဟာမိတ်နိုင်ငံတွေရဲ့ ​နိုင်ငံသားတွေနဲ့ ​နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ​တယ်လီဖုန်း ပြောဆိုမှုတွေကို ​ကြားဖြတ် ​နားထောင်ခဲ့တယ်ဆိုတဲ့ ​စွဲဆိုချက်တွေ ​ထွက်လာပြီးတဲ့ ​နောက်ပိုင်း ​အမေရိကန် ​အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ အကြီးအကဲကို အမေရိကန်ကွန်ကရက်လွှတ်တော်က ခေါ်ယူ စစ်ဆေးမေး မြန်းမှုတွေ လုပ်ဆောင်နေပါတယ်။

အမေရိကန် ​အမျိုးသား ​လုံခြုံရေး ​အေဂျင်စီရဲ့ ​လုပ်ငန်းစသ်တွေဟာ ​အကြမ်းဖက် ​သမားတွေရဲ့ ​ရန်ကနေ ​ကာကွယ်နိုင်ဖို့အတွက် ​ထောက်လှမ်းတာသာဖြစ်တယ်လို့ ​အမေရိကန် ​အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ​ဒါရိုက်တာ ​ဗိုလ်ချုပ် ​Keith ​Alexander ​က ​ကွန်ကရက် ​ကြားနာမှုမှာ ​ပြောကြားသွားပါတယ်။

စွဲဆိုချက်တွေ ​မှန်မမှန်ဆိုတာကို ​မပြောကြားခဲ့ပေမယ့် ​အမေရိကန် ​အမျိုးသားလုံခြုံရေးအေဂျင်စီ ​လုပ်ငန်း တွေနဲ့ ​ပတ်သက်ပြီး ​ပြန်လည်သုံးသပ်မှုတွေ ​လုပ်ဆောင်သွားမယ်လို့ ​သမ္မတ ​အိုဘားမားက ​ပြောကြားခဲ့ပြီး ​ဒါဟာ ​လုံခြုံရေးအေဂျင်စီရဲ့ ​စွမ်းဆောင်ရည်ကို ​သေသေချာချာထိန်းချုပ်ဖို့ ​ရည်ရွယ်တယ်လို့လည်း ​ဆိုပါ တယ်။

အခုလို ​ဖုန်းခိုးနားထောင်တဲ့ ​အဖြစ်အပျက်နဲ့ ​ပတ်သက်ပြီး ​ဥရောပမဟာမိတ်နိုင်ငံတွေက ​အမေရိကန်ကို ​ဒေါသထွက်နေကြပြီး ​ဖြေရှင်းချက်တွေ ​ပေးဖို့ ​တောင်းဆိုနေကြတာ ​ဖြစ်ပါတယ်။

ABC

No comments: