Friday, October 4, 2013
အမေရိကန်တွင် အစိုးရယန္တရားရပ်ဆိုင်းရသည့် အကျပ်အတည်း ဖြစ်ပေါ်လာပြီးနောက် သမ္မတအိုဘားမား ၏ အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့အတည်ပြု သတင်းထုတ်ပြန် သည်။
အိုဘားမားသည် လာမည့်သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်မည့် အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APECအစည်းအဝေးနှင့် ဘရူနိုင်းတွင်ပြုလုပ်မည့်အရှေ့အာရှထိပ်သီး အစည်းအဝေးများသို့ တက်ရောက်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အတည်ပြုသည်။ အစိုးရယန္တရား ရပ်ဆိုင်းရမှုအပေါ် အိုဘားမားနှင့် ရီပတ်ဘလစ်ကင်ပါတီခေါင်းဆောင်းများ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုးတက်မှုမရှိခဲ့ချေ။
အမေရိကန်သမ္မတသည် အာရှဒေသခရီးစဉ်အဖြစ် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံသို့
သွားရောက်မည့် အစီအစဉ်ကို အစောပိုင်းကတည်းက ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။
အိမ်ဖြူတော်က ထုတ်ပြန်ချက်အရ သမ္မတအိုဘားမားကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အင်ဒို နီးရှားနှင့် ဘရူနိုင်းသို့ သွားရောက်မည်ဟုသိရှိရသည်။ မူလက အိုဘားမားသည် စနေနေ့တွင် အာရှ ဒေသခရီးစဉ် စတင်ထွက်ခွာရန်
စီစဉ်ထားခြင်းဖြစ်ပြီး ယခုအခါ အစိုးရယန္တရားရပ်ဆိုင်းရသည့် နောက် ဆက်တွဲဂယက်အဖြစ်၎င်း၏အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ အာရှဒေသတွင်း နိုင်ငံများနှင့်
ဆက်ဆံရေးပိုမိုကောင်းမွန်ရန် ရည်ရွယ်၍ ယခုဖျက်သိမ်းလိုက်ရသည့်
သမ္မတအိုဘားမားခရီးစဉ်ကို စီစဉ်ထားခြင်းဖြစ်သည်။
Planet Myanmar Network
No comments:
Post a Comment