Friday, October 04, 2013

ပြိုင်ပွဲဝင်တိုင်းကို အပြုသဘောဆောင်တဲ့ အားပေးမှုမျိုးနဲ့ပဲ အားပေးဖို့ တိုက်တွန်းတဲ့ ရေဗက္ကာဝင်း

Friday, October 4, 2013

ရေဗက္ကာဝင်းက လတ်တလောမှာတော့ ကျောင်းတစ်ဖက်အပြင် စီးပွားရေးတစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ်သေးဘဲ တစ်ကိုယ်တော်အခွေ ထွက်မယ့်အစီအစဉ်တော့ ရှိသေး ကြောင်း ပြောပါတယ်။

“အခုကျောင်းက စာတမ်းပြုစုနေတာတစ်ဖက်ဆိုတော့ အခွေဘက်ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်း ပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့အမျိုးသားနဲ့အတူ ဆေးဝါးလုပ်ငန်း
လုပ်နေပါတယ်။ အိပ်မက်ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး”လို့ ဆိုလာတဲ့ ရေဗက္ကာဝင်းကို အိပ်မက် ဆုံရာမှာ ဒိုင်လုပ်ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့..

“အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါတယ်”လို့ ရေဗက္ကာဝင်းကပြောပါ တယ်။ ဒီလိုဒိုင်လုပ်ခြင်းကနေကော ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်း ပိုပြီး တိုးတက်စေပါတယ်ဆိုတဲ့ ရေဗက္ကာဝင်း က သူများဆိုတာကို သေချာ နားထောင်ရင်းနဲ့ ကိုယ့်ရဲ့အားနည်းချက်ကိုလည်း ပြန်မြင်ရတယ်လို့လည်း ဆိုပါတယ်။ အိပ်မက်ဆုံရာ ပြိုင်ပွဲဝင်တွေအပေါ်မှာလည်း ဝေဖန်သံတွေရှိကြတဲ့အတွက် အဲဒီ အပေါ်မှာ လည်း ရေဗက္ကာဝင်းက “အဓိကကတော့လေ ပြိုင်ပွဲဝင်တွေပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင်တွေပဲဖြစ်ဖြစ်၊ အားကစားသမားပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာမဆို လုပ်နေတဲ့သူတွေအပေါ်မှာ ဘာမှမလုပ်တဲ့သူတွေက ဝေဖန်တာထက် စာရင်လုပ်နေတဲ့သူတွေကို အားပေးဖို့၊ တိုက်တွန်းဖို့ ပိုပြီးဖြစ် စေချင်ပါတယ်။

ဘောလုံးပွဲတစ်ပွဲကို ကြည့်ကြမယ်ဆိုရင်လည်းကန်နေတဲ့သူကို ဆဲဆိုအပြစ်တင်နေမယ့်အစား အားပေးပြီး ပို ကောင်းအောင် လုပ်သင့်တယ်။ ပြိုင်ပွဲဝင်တွေဆိုလည်း ဒီအတိုင်းပါပဲ။ သူတို့လည်း သူတို့ကြိုးစားမှုနဲ့ တက်လာရတာပဲလေ။ ဘေးကနေ မကောင်းဝိုင်းပြောတာမျိုးတော့ လျှော့စေချင်ပါတယ်။ ဘာဖြစ်လို့ဆို မကောင်း ပြောရုံနဲ့ ကောင်းသွားမှာ မဟုတ်ပါဘူး။ ကောင်းတဲ့ဘက်ကိုပဲ ဦးတည်ပြီး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ ဒါက ပြိုင်ပွဲဝင်တွေရော၊နောက်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ အကုန်လုံးကိုရော စိတ်ဓာတ်မြှင့် တင်တဲ့အနေနဲ့ အား ပေးကြပါ”လို့ ရေဗက္ကဝင်း က ဆီးဂိမ်းပြိုင်ပွဲအားပေး မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

ရေဗက္ကဝင်းရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ကတော့ ဒီကြားထဲမှာ စီးပွား ရေးနဲ့အလုပ်ရှုပ်နေတာကြောင့် အခွေကိုလည်း ကြိုးစားလုပ်နေပါတယ်လို့လည်း ပြောပါတယ်။

Popular Journal

No comments: