Thursday, October 17, 2013

ကန်ဘဏ္ဍာရေးပြသနာ မူကြမ်း သဘောတူညီမှုရ


Thursday, 17 October 2013 

အမေရိကန်နိုင်ငံက ​သီတင်းပတ် ​၃ ​ပတ် ​ထဲကိုရောက်လာပြီဖြစ်တဲ့ ​ကြွေးမြီ ​ပြဿနာကိစ္စကို ​ဖြေရှင်းနိုင်ဖို့ ​ကြိုးပမ်းတဲ့ ​လုပ်ဆောင်မှုတရပ်ကို ​အမေရိကန် ​လွှတ်တော် ​၂ ​ရပ်ကြားမှာ ​သဘောတူညီမှု ​မူကြမ်း ​တရပ် ​ချမှတ်နိုင်ခဲ့ပါတယ်။

ဒီတပတ် ​ကြာသပတေးနေ့ဟာ ​အမေရိကန် ​အစိုးရအနေနဲ့ ​တင်နေတဲ့ ​အကြွေးတွေကို ​အချိန်မှီ ​ပြန်ဆပ်နိုင် ဖို့အတွက် ​အစိုးရချေးယူနိုင်မယ့် ​ငွေပမာဏကို ​တိုးမြှင့်ဖို့ ​နောက်ဆုံး ​သဘောတူရမှာ ​ဖြစ်ပြီး ​အကယ်၍ ​သဘောမတူနိုင်ခဲ့ဘူးဆိုရင်တော့ ​အမေရိကန် အစိုးရအနေနဲ့ ​ကြွေးမြီ ​ပြန်ဆပ်ဖို့ ​ပျက်ကွက်မှုကြောင့် နောက်ထပ် ​ဘဏ္ဍငွေ ​ထပ်ချေးနိုင်ဖို့မဖြစ်တော့တဲ့ ​အခြေအနေနဲ့ ​ရင်ဆိုင်ရမှာ ​ဖြစ်ပါတယ်။ 

အမေရိကန် ​အစိုးရလုပ်ငန်း ​လည်ပတ်မှုတချို့ ​ရပ်ဆိုင်းထားရတာကို ​အဆုံးသတ်စေဖို့နဲ့ ​အစိုးရ ​ချေးယူနိုင်တဲ့ ​ငွေကြေးပမာဏ ​တိုးမြှင့်ရေးအတွက် ​အမေရိကန် ​အထက်နဲ့ ​အောက်လွှတ်တော် ​ခေါင်းဆောင်တွေ ​နာရီပေါင်း ​၁၁ ​နာရီကျော် ​ဆွေးနွေးပြီးမှ ​အခုလို ​သဘောတူညီချက်တရပ် ​ချမှတ်နိုင်ခဲ့တာ ​ဖြစ်ပါတယ်။

အခုသဘောတူညီချက်မူကြမ်း ​အရ ​ပြည်နယ်အစိုးရအတွက် ​ဇန်န၀ါရီလ ​၁၅ ​ရက်နေ့အထိ ​ယာယီ ​အသုံးစရိတ်ပေးဖို့နဲ့ ​ဖေဖော်ဝါရီလ ​၇ ​ရက်နေ့အထိ ​အစိုးရချေးငွေပမာဏ ​တိုးမြှင့်ရေး ​အစီအစဉ်တွေ ​ပါဝင်မှာ ​ဖြစ်ပါတယ်။

ဒီ ​မူကြမ်းကို ​သမ္မတအိုဘာမား ​လက်မှတ်ထိုးမှ ​အတည်ပြုနိုင်မှာ​ဖြစ်ပြီး ​ရေပါပလီကန် ​အမတ်တချို့ ​အပါအ၀င် ​ဒီမိုကရက်အမတ်တွေဟာ ​အမေရိကန် ​သမ္မတ ​ဆီကို ​အခုသဘောတူညီထားတဲ့ ​မူကြမ်းပေးပို့ကြ မှာ ​ဖြစ်ပါတယ်။

ABC

No comments: