Wednesday, October 16, 2013

ဘေဂျင်းလေဆိပ်ဗုံးခွဲသည့် မသန်စွမ်း တရားခံကို တရုတ်က ထောင်ဒဏ် ၆ နှစ်ချမှတ်


Wednesday, October 16, 2013

တရုတ်နိုင်ငံမှ တရားရုံးတစ်ခုသည် လေဆိပ်တွင် ဗုံးခွဲခဲ့သည့် မသန်စွမ်းတရားခံကို ထောင်ဒဏ်(၆)နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။ 

ဂျီဇောင်ဇင်းသည် ဘေဂျင်းလေဆိပ်တွင် အဝေးထိန်း ခလုတ်ဖြင့် ဗုံးခွဲခဲ့သူ ဖြစ်သည်။ ၎င်းသည် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်လာခဲ့သည့် တရားရေး အားပြိုင်မှုတစ်ခုကို လူအများအာရုံစိုက်မိစေလိုသော ရည်ရွယ် ချက်ဖြင့် အိမ်လုပ်ဗုံး တစ်လုံးကို ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ 

အသက်(၃၄)နှစ်ရှိ ဂျီသည် ဗုံးခွဲမှုတွင် အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ဘေဂျင်းရှိ တရားရုံးတစ်ခုက ယခုပြစ် ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဂျီ၏ လုပ်ရပ်အပေါ် စာနာသူများရော၊ ဒေါသထွက်သူများပါ ရှိခဲ့ပြီး အငြင်း ပွားစရာ အခြေအနေတစ်ခု ဖြစ်နေခဲ့သည်။

ဂျီသည် ဇူလိုင်လ အတွင်းက မိမိ၏ တရားရေး ပြဿနာအတွက် လက်ကမ်းစာစောင်များ ဝေငှရန် ကြိုးစားမှု တားမြစ်ခံရသည့်နောက် လေဆိပ်တွင် ဗုံးခွဲခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းဒေသတွင် နေ
ထိုင်သည့် ဂျီက မိမိသည် (၂၀၀၅)ခုနှစ်က တရုတ်ရဲအရာရှိ တစ်ဦး၏ ရိုက်နှက်မှုကြောင့် ဘီးတပ် ကုလားထိုင်ဖြင့် သွားလာရသည့် ဒုက္ခိတ ဘဝမျိုး ရောက်ရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ထိုစဉ်ကတည်းက တရားမျှတမှုကို မိမိအနေဖြင့် ရှာဖွေခဲ့သော်လည်း မျက်ကွယ်ပြုခံနေရကြောင်း ဂျီက ဆိုသည်။

ဂျီ၏ ဖောက်ခွဲမှုကြောင့် လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတစ်ဦးသာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ သည်။ ဂျီသည် ထောင်ဒဏ်(၁၀)နှစ်ထိ ချမှတ်ခံရမည့် အရေးမျိုး ကြုံခဲ့သော်လည်း (၆)နှစ်သာ အတည်ပြု ချမှတ်ခဲ့ခြင်း ဖြစ်သည်။ "ဒီစီရင်ချက်ဟာ သံသယဝင်စရာတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်"ဟု ဂျီ၏ရှေ့နေက ဝန်ခံခဲ့သည်။ ၎င်းက ဂျီသည် လူအများ၏ အာရုံကို ဆွဲဆောင်ရန်သာ ရည်ရွယ်ပြီး လေဆိပ်ကို ဖောက်ခွဲရန်၊ သို့မဟုတ် မိမိကိုယ်ကိုယ် သတ်သေရန် မရည်ရွယ်ခဲ့ဟုလည်း ဆိုသည်။ ဂျီ၏ အမှုသည် တရုတ်နိုင်ငံ၏ တရားရေးကဏ္ဍအတွက် မေးခွန်းထုတ်စရာစိန်ခေါ်မှု ဖြစ်လာသလို တရုတ်ရဲများ၏ ပြည်သူလူထုအပေါ် ကြမ်းတမ်းစွာ ဆက်ဆံမှုများကို ပိုမိုထင်ဟပ်လာစေကြောင်း သတင်းများက ဖော်ပြ ခဲ့သည်။

Planet Myanmar Network

No comments: