Thursday, October 3, 2013
မြန်မာနိုင်ငံရှိ ဘိန်းစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေကြသူ တချို့သည် လက်နက်ကိုင်များကိုင်ဆောင် ထားကြသဖြင့် ဘိန်းစိုက်ခင်းများကို အမြစ်ပြတ်ချေမှုန်းရန်အခက် အခဲများရှိနေသေးကြောင်း နိုင်ငံ ဖြတ်ေ ကျာ် မှုခင်းဌာနမှ အဆင့် မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။
အဆိုပါအရာရှိက ''ဥပမာ ရှမ်းပြည်နယ် မှာ ရှိတဲ့ ဘိန်းစိုက်ခင်းတွေ
ကိုကြည့်ဗျာ။ ဘိန်းစိုက် နေတဲ့သူတွေက အပြင်မှာသွားလာ နေရင်တော့ သာမန်လူ တွေလို့ ထင်ရပေမယ့် လုပ်ငန်းခွင်မှာဆိုရင် သေနတ်တွေ လွယ်ထားတာ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေလဲ အင်နဲ့အားနဲ့နှိမ်နင်းပေမယ့် အပေါ်ယံ လောက်ပဲ နှိမ်နင်းနိုင်တယ်။
ဘိန်း စိုက်ခင်းတွေကို အမြစ်ပြတ်ချေမှုန်း ဖို့ဆိုတာက လောလောဆယ်မ ဖြစ်နိုင်သေးဘူး။ နိုင်ငံတကာရဲ့ အကူအညီလဲ အများကြီးလိုတယ်။ ဘိန်းစိုက်ခင်း ချေမှုန်းဖို့ သွားတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဘော် တွေ လဲ အများကြီးအကျ
အဆုံးရှိတယ်။ အပြန်အလှန်ပစ်ခတ်ရတဲ့အဆင့် ဖြစ်နေတာကိုး''ဟု
ပြောသည်။
မြန်မာ နိုင်ငံအနေဖြင့် အာ ဆီယံနိုင်ငံများနည်းတူ ၂၀၁၅တွင် မူးယစ်ကင်းစင်
ဇုန်အဖြစ်ပြုလုပ် ရန် ဆောင်ရွက်နေ သော်လည်း အခက်အခဲများရှိနေ
ဆဲဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ကူညီပံ့ပိုးပေးမှုများလည်း အများအပြား
လိုကြောင်းမူးယစ်အထူးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
''အချိန်နဲ့ နိုင်ငံတကာအကူ အညီ အများကြီးလိုတယ်။
အခုဆိုရင်
မြန်မာနိုင်ငံမှာ မူးယစ်တိုက် ဖျက်မှုကို အထူးဦးစားပေးအဆင့်အနေနဲ့ ထိရောက်တဲ့ နှိမ်နင်းမှုေ တွလုပ်နေပါတယ်။ မူးယစ်ဆေးဝါးထုတ်
လုပ်ရောင်းချသူ၊ သုံးစွဲ တဲ့သူတွေကို ပြည်သူတွေ အနေနဲ့လဲ သတ င်းကြားရင်ဖြစ်ဖြစ်၊ တွေ့ ရင်ဖြစ်ဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုအကြောင်းကြား ဖို့ပြောချင်ပါ တယ်''ဟု ပြော သည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက် ခင်းများအဓိကစိုက်ပျိုးသည့် ရှမ်း ပြည်နယ်ရှိ မြို့နယ်တချို့တွင်မူး ယစ် ဆေး ဖမ်းဆီးရမိမှုများ ယခု အခါ ဆက်တိုက်ဖြစ်နေပြီး ဘိန်း အစားထိုးသီးနှံစိုက်ပျိုးမှုမှာ အောင် မြင်မှုမရှိ သေးကြောင်း သိရသည်။ ယခုအခါ မူးယစ်ဆေးရောင်း ဝယ်ဖောက်ကားသုံးစွဲမှုများကို နိုင်ငံတော်အနေဖြင့် စီမံချက်ချ ဆောင်ရွက် ပြီး အာဆီယံ ရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့တို့ နှင့် ပူးပေါင်းဆောင် ရွက်ေ နကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment